my_tn/mrk/06/37.md

1.9 KiB

သို့သော်၊ ကိုယ်တော်က၊ သူတို့ကို ပြန်ပြောတော်မူ၏။

ယေရှုက တပည့်တော်တို့ကို ပြန်ပြောပါသည်။

အကျွန်ုပ်တို့သည် သွား၍ ဒေနာရိအပြားနှစ်ရာနှင့်မုန့်ကိုဝယ်ပြီးလျှင် သူတို့အား စားစရာဘို့ ပေးရပါအံ့လောဟု လျှောက်ကြ၏။

လူအားလုံး စားဖို့ရန် သူတို့၌ ငွေကြေးမလုံလောက်ကြောင်း တပည့်တော်တို့က ပြောဆိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်တို့တွင် ဒေနာရိအပြား နှစ်ရာ ရှိသော်လည်း၊ ဤလူထုကို ကျွေးနိုင်သော အစာကို ကျွန်ုပ်တို့ မတတ်နိုင်ပါ" (ရှု၊ rc://*/ta/man/translate/figs-rquestion)

ဒေနာရိအပြားနှစ်ရာ

ဒေနာရိ သည် ရောမလူမျိုးများအသုံးပြုသည့် ငွေကြေး ဒင်္ဂါးပြား ဖြစ်ပြီး၊ ဒေနာရိ တပြားသည် တနေ့လုပ်အားခ နှင့် ညီမျှပါသည်။ (ရှု၊ [[rc:///ta/man/translate/translate-bmoney]] and [[rc:///ta/man/translate/translate-numbers]])

ပေါင်မုန့်များ

ဂျုံမုန့်ညက်နှင့်လုပ်ထားသည် ပေါင်မုန့် ဖြစ်ပါသည်။