my_tn/mrk/06/30.md

2.2 KiB

ဆက်စပ်မှု ဖော်ပြချက်

ဧဝံဂေလိထွက်၍ ဟောပြောခြင်း၊ အနာရောဂါငြိမ်းစေခြင်းမှ ပြန်လာကြသော တပည့်တော်တို့သည် သခင်ယေရှုနှင့်အတူ လှေစီး၍ တော၌ ဆိတ်ကွယ်ရာအရပ်သို့ သွားကြ၏။ သွားကြသည်ကို လူများတို့သည် မြင်၍ ကိုယ်တော်ဖြစ်သည်ကို သိလျှင်၊ အထံတော်၌စုဝေးကြ၏။ မိုဃ်းချုပ်သောအခါ သူတို့စားစရာဘို့ ကိုယ်တော်ကျွေးမွေးတော်မူသည်။ ထိုနောက် စည်းဝေးသောသူတို့ကို လွှတ်ပြီးမှ ဆုတောင်းပဌနာပြုအံ့သောငှါ တောင်ပေါ်သို့ တစ်ကိုယ်တည်း ကြွတော်မူ၏။

တော၌ဆိတ်ကွယ်ရာအရပ်

တော၌ မည်သူတစ်ဦးတယောက်မျှမရှိသော ဆိတ်ကွယ်ရာအရပ်

လူများ သွား လာကြသည်ဖြစ်၍

တမန်တော်များထံသို့ အဆက်မပြတ် လူများလာကြသည်၊ တဖန်ပြန်သွားကြသည်။

သူတို့သည် အစာစားခြင်းငှါမျှ မအားနိုင်ကြ။

တမန်တော်တို့သည် အစာစားခြင်းငှါမျှ မအားနိုင်ကြ။

ထိုကြောင့်၊ လှေစီး၍ တော၌ ဆိတ်ကွယ်ရာအရပ်သို့ သွားကြ၏။

ထိုကြောင့်၊ သခင်ယေရှုနှင့် တမန်တော်များ လှေစီး၍ တော၌ ဆိတ်ကွယ်ရာအရပ်သို့ သွားကြ၏။