my_tn/mrk/06/16.md

3.0 KiB

ဆက်စပ်မှု ဖော်ပြချက်

ကျမ်းချက် အခန်းငယ်(၁၇)သည် ဟေရုဒ်မင်း၏ အမိန့်နှင့် လည်ပင်းဖြတ်ခြင်း ခံခဲ့ရသော ဗတ္တိဇံဆရာယောဟန် ၏ နောက်ခံအကြောင်းအရာကို ဖော်ပြရေးသားထားသည်။

ငါ၏အမိန့်နှင့် လည်ပင်းကိုဖြတ်သော

ငါ၏ အမိန့် သည် ဟေရုဒ်မင်း၏ အမိန့်ဖြစ်ပါသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါသည် ငါ၏စစ်သားများကို ဗတ္တိဇံဆရာယောဟန်၏ ဦးခေါင်းကို ဖြတ်စေခဲ့သည်" (ရှု၊ rc://*/ta/man/translate/figs-metonymy)

သေခြင်းမှ ထမြောက်လေပြီ

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တဖန် ရှင်ပြန်လေပြီ" (ရှု၊ rc://*/ta/man/translate/figs-activepassive)

စေလွှတ်၍ ယောဟန်ကို ဘမ်းဆီးပြီးလျှင် ထောင်ထဲမှာချုပ်နှောင်လေ၏။

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဟေရုဒ်မင်းသည် စစ်သားများကို စေလွှတ်၍ ယောဟန်ကို ဘမ်းဆီးပြီးလျှင် ထောင်ထဲမှာ ချုပ်နှောင်လေ၏" (ရှု၊ rc://*/ta/man/translate/figs-activepassive)

စေလွှတ်၍ ယောဟန်ကို ဘမ်းဆီးသည်

အမိန့်ထုတ်ပြီး ယောဟန်ကို ဘမ်းဆီးသည်

ထိုမိန်းမအကြောင်းကြောင့်

ထိုမိန်းမ ဟေရောဒိ အကြောင်းကြောင့်

မိမိညီ ဖိလိပ္ပု၏ ခင်ပွန်း

ဟေရုဒ်မင်း၏ ညီ ဖိလိပ္ပု ဖြစ်ပါသည်။ တမန်တော်ဝတ္ထုတွင် ရှိသော တပည့်တော် (၁၂)ပါး အပါအဝင် ဖြစ်သည့် ဖိလိပ္ပု မဟုတ်ပါ။

ဟေရုဒ်သည် မိမိညီ ဖိလိပ္ပု၏ ခင်ပွန်းဟေရောဒိကို သိမ်းယူသဖြင့်၊

ဟေရုဒ်က ဟေရောဒိကို လက်ထပ်ယူခဲ့ သောကြောင့်