my_tn/mrk/05/18.md

1.7 KiB

နတ်ဆိုးစွဲဘူးသောသူ

နတ်ဆိုးစွဲဘူးသောသူသည် နတ်ဆိုးမစွဲတော့သော်လည်း နတ်ဆိုးစွဲဘူးသောသူဟု ခေါ်ဆိုနေကြပါသေးသည်။

ကိုယ်တော်သည် အခွင့်မပေး။

ကိုယ်တော်နှင့်အတူ ရှိပါမည်အကြောင်း တောင်းပန်သော်လည်း ကိုယ်တော်သည် အခွင့်မပေးပါ။ အခြားသော ဘာသာပြန်ဆိုချက်၊ "သို့သော် ကိုယ်တော်သည် သူနှင့်အတူ လိုက်သွားရန် ခွင့်မပြုချေ" (ရှု၊ rc://*/ta/man/translate/figs-explicit)

ဒေကာပေါလိပြည်

ဒေကာပေါလိပြည် သည် ဒေသအမည်နာမဖြစ်ပြီး မြို့တစ်ဆယ်မြို့ ဟု အဓိပ္ပါယ်ရှိပါသည်။ (ရှု၊ rc://*/ta/man/translate/translate-names)

ခပ်သိမ်းသောသူတို့သည် အံ့ဩခြင်းရှိကြ၏။

လူတို့သည် အံ့သြကြသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုလူပြောသော အရာများကို ကြားသော သူတို့သည် အံ့သြခြင်း ရှိကြသည်" (ရှု၊ rc://*/ta/man/translate/figs-ellipsis)