my_tn/mrk/02/08.md

3.7 KiB

မိဉာဏ်အားဖြင့်

"မိမိအတွင်းစိတ်ဝိညာဉ်အားဖြင့်" သို့မဟုတ် "သူကိုယ်တိုင်အားဖြင့်"

သူတို့စိတ်ထဲမှာ ထိုသို့ ထင်မှတ်ခြင်းရှိသည်ကို

ကျမ်းပြုဆရာများတစ်ဦးစီက အခြားသူများနှင့် စကားမပြောဘဲ သူတို့ စိတ်ထဲမှာ စဉ်းစားတွေးထင်သည့်အတိုင်း သူတို့ ထင်မှတ်ကြပါသည်။

သင်တို့ စိတ်ထဲမှာ အဘယ်ကြောင့် ဤသို့ထင်မှတ်ကြသနည်း။

ယေရှုသည် ကျမ်းပြုဆရာများတဦးစီက ဤသို့ထင်မှတ်ကြခြင်းသည်ကို မှားနေပါကြောင်း ဖေါ်ပြပါသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့ အတွေးသည် မှားယွင်းသည်" သို့မဟုတ် "ငါသည် လွန်ကျူးသည်ဟု မယူဆကြပါနှင့်" (ရှု၊ rc://*/ta/man/translate/figs-rquestion)

သင်တို့ စိတ်ထဲမှာ

စိတ်သည် စိတ်ကူးစိတ်သန်း ၊ စိတ်အလိုဆန္ဒ ကို ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့ အထဲတွင်" သို့မဟုတ် "ဤအရာများကို" (ရှု၊ rc://*/ta/man/translate/figs-metonymy)

လက်ခြေသေသောသူအား အဘယ်စကားကိုသာ၍ပြောလွယ်သနည်း။ သင်ထလော့။ ကိုယ်အိပ်ရာကိုဆောင်၍ လှမ်းသွားလော့ဟု ပြောလွယ်သလော။

သခင်ယေရှု ဤသို့ပြောရခြင်းအကြောင်းမှာ ကျမ်းပြုဆရာများ ယုံကြည်ထားသည်မှာ လက်ခြေသေသောသူ ၏ရောဂါသည် သူ့အပြစ်ကြောင့် ခံစားရပါသည်။ ထို့ကြောင့် သူ့အပြစ်လွတ်ခြင်းခံရပါက ရောဂါလည်းပျောက်မည် လမ်းလျှောက်နိုင်မည်ဟု ယုံကြည်ပါသည်။ အကယ်၍ သခင်ယေရှုက လက်ခြေသေသောသူ ၏ရောဂါကို ကုသပေးနိုင်ခဲ့လျှင် ကျမ်းပြုဆရာများက သခင်ယေရှုက လက်ခြေသေသောသူ ၏အပြစ်ကို လွတ်ပေးပိုင်ခွင့်ရှိသည်ကို အသိအမှတ်ပြုရပေမည်။ ထိုအတူ သခင်ယေရှုသည် ဘုရားရှင်ဖြစ်ကြောင်းကို အသိအမှတ် ပြုရပေမည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်ထလော့။ ကိုယ်အိပ်ရာကိုဆောင်၍ လှမ်းသွားလော့" (ရှု၊ rc://*/ta/man/translate/figs-rquestion|Rhetorical Question)