my_tn/mrk/01/07.md

20 lines
2.7 KiB
Markdown

# သူ၏ ဟောချက်စကား
ယောဟန်က ဟောပြောကြေညာခဲ့သည်။
# ထိုသူ၏ ခြေနင်း တော်ကြိုးကိုမျှ ငုံ့၍ဖြုတ်ခြင်းငှါ ငါမထိုက်။
ယောဟန်က မိမိကိုယ်ကို ခြေနင်းကို ချွတ်ပေးသည့်အစေခံနှင့် နှိုင်းပြီး ပြောရာတွင် သခင်ယေရှုက သာ၍ ကြီးမြတ်ကြောင်းကို ဖေါ်ပြသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်သည် အလွန်နိမ့်ကျသည့် သူ၏ ဖိနပ်ကြိုးကို ဖြေခြင်းငှာ မထိုက်တန်ပါ" (ရှု၊ [[rc://*/ta/man/translate/figs-metaphor]])
# ခြေနင်းတော်ကြိုး
သခင်ယေရှု သက်တော်ထင်ရှားစဉ်က လူတိုင်းသည် သားရေဖြင့်လုပ်သော ကြိုးသိုင်းပါသည့် ခြေနင်းကို စီးကြပါသည်။
# ငုံ့၍
ခါးအောက်ဖက်ကို ကွေးညွတ်၍
# ထိုသူသည် သန့်ရှင်းသော ဝိညာဉ်တော်၌ သင်တို့ကို ဗတ္တိဇံမင်္ဂလာ ပေးလိမ့်မည်
ယောဟန်သည် လူတို့အား ရေ၌ ဗတ္တိဇံမင်္ဂလာကိုပေး၏။ သခင်ယေရှုသည် သန့်ရှင်းသော ဝိညာဉ်တော်၌ လူတို့ကို ဗတ္တိဇံမင်္ဂလာ ပေးမည်ဟူသော ဉပမာ ပုံဆောင်ချက်သည် ယောဟန်၏ ဗတ္တိဇံမင်္ဂလာသည် အပြစ်ကို ဆေးကြောခြင်းပုံဆောင်ချက် သက်သက်ပင် ဖြစ်သည်။ သခင်ယေရှုသည် သန့်ရှင်းသော ဝိညာဉ်တော်၌ သင်တို့ကိုဗတ္တိဇံမင်္ဂလာ ပေးမည်ဟူသော အချက်မှာ လူတို့၏ အပြစ်များကို အမှန်တကယ် ဆေးကြောပေးခြင်း ဖြစ်ကြောင်းဖေါ်ပြပါသည်။ (ရှု၊ [[rc://*/ta/man/translate/figs-metaphor]])