my_tn/mic/05/10.md

1.4 KiB

ထိုကာလ၌

ဤအချိန်သည် မရေရာမသေချာသောအနာဂတ်ကိုရည်ညွှန်း၍၊ တပါးနိုင်ငံ၌ ဖမ်းသွားချုပ်ထားသော ကာလကို ဆိုလိုခြင်းဖြစ်နိုင်သည်။

သင်၏မြင်းတို့ကို သင့်အလယ်က ငါပယ်ရှင်း၍၊ သင်၏ ရထားတို့ကိုလည်း ဖျက်ဆီးမည်။

ဣသရေလလူမျိုးများသည် စစ်တိုက်သောအခါ မြင်းနှင့်ရထားများကို အသုံးပြု၏။ သူတို့သည် တပါးနိုင်ငံနှင့်သော်လည်းကောင်း၊ ဘုရားမဲ့လူမျိုးများနှင့်သော်လည်း ကောင်း ပူးပေါင်းကြသည်။ ထာဝရဘုရားက လူမျိုးတော်အနေဖြင့် တပါးသူ၏ လက်နက်များကို အားကိုးခြင်းထက် မိမိအား ယုံကြည်အားကိုးစေချင်သည်။(ရှု၊ rc://*/ta/man/translate/figs-explicit)