my_tn/mic/05/04.md

3.1 KiB

ယေဘုယျအချက်အလက်

ဤကျမ်းပိုဒ်များသည် ဗက်လင်မြို့မှ အုပ်ချုပ်သူ အကြောင်း ဖော်ပြထားသည်။

ထိုသခင်သည် ရပ်၍ ထာဝရဘုရား၏အစွမ်း သတ္တိနှင့်၎င်း၊ မိမိဘုရားသခင် ထာဝရဘုရား၏နာမ တော်တန်ခိုးအာနုဘော်နှင့်၎င်း၊ မိမိသိုးစုကို ကျွေးမွေး လိမ့်မည်။

အခြားသောဘာသာပြန်ဆိုချက်၊ "သူသည် သူ့လူမျိုးများအား ထဝရဘုရား၏ အစွမ်းအားဖြင့် ဦးဆောင်လိမ့်မည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

မိမိဘုရားသခင် ထာဝရဘုရား၏နာမ တော်တန်ခိုးအာနုဘော်နှင့်

"အစွမ်းတန်ခိုး၊ ဘုန်းအာနုဘော်နှင့် ပြည့်သော ဘုရားသခင်၌" (ရှု၊ rc://*/ta/man/translate/figs-metonymy)

သူတို့သည်လည်း တည်ကြလိမ့်မည်။

ဤတွင် "သူတို့" ဟူသည် ဣသရေလ လူမျိုးများကိုညွှန်းဆိုသည်။ "ဣသရေလ" သို့မဟုတ် "ယေရုရှလင်" ကို ညွှန်ပြသည်။ (ရှု၊ rc://*/ta/man/translate/figs-ellipsis)

ထိုသခင်သည် မြေကြီးစွန်းတိုင်အောင် အစိုးရ၍

အနာဂတ်တွင် လူမျိုးအပေါင်းသည် ဣသရေလ၏ အုပ်စိုးသူအား ဂုဏ်ပြုကြလိမ့်မည်ဟု ဆိုလိုသည်။

ထိုသခင်သည် ရန်ငြိမ်းခြင်းအကြောင်းဖြစ်တော်မူလိမ့်မည်။

အခြားသော ဘာသာပြန်ဆိုချက်၊ "သူသည် ငြိမ်သက်ခြင်း၏ လူသား" ဖြစ်တော်မူမည်။ (ရှု၊ rc://*/ta/man/translate/figs-inclusive)

သိုးထိန်းခုနစ်ပါးနှင့် လူကြီး ရှစ်ပါးတို့သည် ငါတို့တွင် ပေါ်ထွန်း၍

ဤတွင် "သိုးထိန်း" ဟူသည် "အုပ်စိုးသူ" ကို ဆိုလိုသည်။ "နံပါတ် 'ခုနစ်' နှင့် 'ရှစ်' သည် လိုအပ်သော အုပ်စိုးသူများလုံလောက်လျက် ရှိကြောင်းကို ဆိုလိုခြင်းဖြစ်သည်။"