my_tn/mic/05/02.md

3.0 KiB

အိုဗက်လင်ဧဖရတ်မြို့

အကယ်၍ ဤမြို့ရှိ လူများ နားထောင်ပါက ထာဝရဘုရားမိန့်တော်မူမည်။ (ရှု၊ rc://*/ta/man/translate/figs-apostrophe)

ဧဖရတ်

ဤနာမည်မှာ ဗက်လင်မြို့တည်ရှိရာဒေသ သို့မဟုတ် ဗက်လင်မြို့၏ အခြားသောအမည်နာမ သို့မဟုတ် ဗက်လင်မြို့၏ အခြားသောမြို့များနှင့် ခွဲခြား သိမြင်နိုင်ခြင်းဖြစ်သည်။ ဗက်လင်မြို့သည် ယေရုရှလင်မှ ၆ မိုင်အကွာတွင် ရှိ၏။ ၎င်းသည် ဒါဝိမင်းကြီး၏ မြို့လည်း ဖြစ်၏။ "ဧဖရတ်" သည် "လှပသော" ဟု အနက်ရှိသည်။ (ရှု၊ rc://*/ta/man/translate/translate-names)

သင်သည် မြို့ငယ်မြို့ယုတ်ဖြစ်သော်လည်း

ဘုရားသခင်သည် အရေးမပါသော အသေးအဖွဲ့များကို ကြီးကျယ်ခမ်းနားသောအရာ ဖြစ်စေနိုင်ကြောင်းကို ဆိုလိုသည်။

ငါ့အဘို့ သင်၏ အထဲမှာ ပေါ်ထွန်းလတံ့။

ဤတွင် "ငါ့" သည် ထာဝရဘုရားကို ရည်ညွှန်းသည်။

ထိုသခင်သည် ရှေးကပ်ကမ္ဘာ မှစ၍ ပေါ်ထွန်းသော သခင်ဖြစ်၏။

ဒါဝိမင်းကြီးမှ ဆင်းသက်သော အုပ်ချုပ်သူကို ရည်ညွှန်းသည်။ (ရှု၊ rc://*/ta/man/translate/figs-doublet)

သူတို့ကို စွန့်ပစ်တော်မူ လိမ့်မည်။

"ဘုရားသခင်က ဣသရေလလူမျိုးများအား စွန့်ပစ်တော်မူမည်"

သားဘွားခြင်းဝေဒနာကို ခံရသော မိန်းမသည် မဘွားမှီတိုင်အောင်

အုပ်ချုပ်သူ (သခင်) မွေးဖွားချိန်၊ ကန့်သတ်သော အချိန်တခုကို ရည်ညွှန်းသည်။

ကျန်ကြွင်းသော ညီအစ်ကိုတို့

"ကျန်ကြွင်းသော ဣသရေလများ" ကျွန်ခံရာပြည်တွင် နေထိုင်ကြသော သူတို့အား ညွှန်းဆိုသည်။