my_tn/mic/01/02.md

2.5 KiB

ယေဘုယျအချက်အလက်

မိက္ခာ ၁:၂-၇ တွင် ရှမာရိတို့အပေါ် ဘုရားသခင်၏ အပြစ် စီရင်ခြင်း အကြောင်းကို ဖော်ပြသည်။

အိုလူများအပေါင်းတို့၊ ကြားကြလော့။ အို ပြည် နှင့် ပြည်သားအပေါင်းတို့၊ နားထောင်ကြလော့။

မိက္ခာ၏ ပရောဖက်ပြုခြင်းကို အစပြုခြင်းဖြစ်၏။ ဤဝါကျနှစ်ခု၏ ဆိုလိုရင်းမှာ အတူတူပင်ဖြစ်၍၊ လူတိုင်းအလေးအနက်ထားကာ နားထောင်ကြဘို့ပင်ဖြစ်သည်။ မိက္ခာသည် သူ၏ စကားကို လူသားတို့ နားထောင်နေကြောင်း သဘောထားသည် (ရှု၊ [[rc:///ta/man/translate/figs-apostrophe]] and [[rc:///ta/man/translate/figs-parallelism]] )

ထာဝရဘုရားသည် ကျိန်းဝပ်တော်မူရာ အရပ် ဌာနတော်ထဲက ထွက်ကြွဆင်းသက်၍၊ မြင့်သော မြေ အရပ်တို့ကို နင်းတော်မူမည်။

အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ်တော်သည် မြင့်သောနေရာများအား ဖျက်ဆီးတော်မူ၍၊ မိမိခြေတော်ဖြင့်နင်းချေလိမ့်မည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

မီးရှေ့မှာ ဘယောင်းကဲ့သို့၎င်း၊ ချောက်ကြီးမှ ဆင်းသော ရေကဲ့သို့၎င်း ရှေ့တော်၌ တောင်တို့သည် အရည်ဖြစ်၍၊ ချိုင့်တို့သည်လည်း အက်ကွဲကြလိမ့်မည်။

မည်သည့်အရာကိုမျှ မတတ်စွမ်းနိုင်အောင် ဘုရားသခင်သည် ရုပ်တုဆင်းတုများ ဖျက်ဆီးပစ်လိမ့်မည်။ (ရှု rc://*/ta/man/translate/figs-simile)