my_tn/mat/22/43.md

3.0 KiB

ယေဘုယျအချက်အလက်

ခရစ်တော်သည် "ဒါဝိဒ်၏ သားတော်" ထက် ပိုသည်ကို ပြရန် ယေရှုက ဆာလံကို ကိုးကားသည်။

ဒါဝိဒ်သည် သူ့ကို သခင်ဟူ၍ ဝိညာဉ်တော်အားဖြင့် အဘယ့်ကြောင့်ခေါ်သနည်း။

သူကိုးကားထားသည့် ဆာလံအကြောင်းကို ဘာသာရေးခေါင်းဆောင်များက လေးနက်စွာ စဉ်းစားကြရန် ယေရှုက မေးခွန်းသုံးထားခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အဘယ့်ကြောင့် ဒါဝိဒ်က သူ့ကို ဝိညာဉ်တော်အားဖြင့် သခင်ဟု ခေါ်သနည်း" (ရှု၊ rc://*/ta/man/translate/figs-rquestion)

ဝိညာဉ်တော်ဖြင့် ဒါဝိဒ်

"ဝိညာဉ်တော်က မှုတ်သွင်းထားသည့် ဒါဝိဒ်" ဒါဝိဒ် ပြောသမျှကို သန့်ရှင်းသော ဝိညာဉ်တော်က လွှမ်းမိုးထားသည် ဟု ဆိုလိုသည်။

သူ့ကိုခေါ်ပါ

"သူ့ကို" သည် ခရစ်တော်၊ ဒါဝိဒ်၏ မျိုးဆက်ကို ဆိုလိုသည်။

သခင်ကပြောသည်

"သခင်" သည် ခမည်းတော်ဘုရားကို ဆိုလိုသည်။

ငါ့သခင်ဆီသို့

"သခင်" သည် ခရစ်တော်ကို ဆိုလိုသည်။ "ငါ၏" ဒါဝိဒ်ကိုလည်း ဆိုလိုသည်။ ခရစ်တော်သည် ဒါဝိဒ်ထက်ကြီးမြတ်သည်ကို ဆိုလိုသည်။

ငါ၏လက်ယာဘက်၌

"ငါ၏" သည် ခမည်းတော်ဘုရားကို ဆိုလိုသည်။ "လက်ယာ" သည် လေးစားမှုနေရာကို ရည်ညွှန်းရန် သုံးလေ့ရှိသည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)

သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာ ငါချထားသည့်တိုင်

အခြားသောဘာသာပြန်ဆိုချက်၊ "သင့်၏ ရန်သူများကို ငါအုပ်စိုးသည့်တိုင်" သို့မဟုတ် "သင့်ရန်သူများကို သင့်ရှေ့တွင် ပြပ်ဝပ်ခိုင်းသည့်တိုင်" (ရှု၊ rc://*/ta/man/translate/figs-idiom)