my_tn/mat/22/15.md

3.0 KiB

ဆက်စပ်မှုဖော်ပြချက်

ဘာသာရေးခေါင်းဆောင်များက ခက်ခဲသည့်မေးခွန်းများစွာဖြင့် ယေရှုကို ဖမ်းရန် ပရိယာယ်ဆင်ကြသည်။ ဤနေရာ၌ ဖာရိရှဲများက ကဲသာဘုရင်ဆီ အခွန်ပေးသည့်အကြောင်းကို မေးကြသည်။

သူတို့သည် ယေရှု၏ စကားဖြင့်ချောင်းမြောင်းပြီး အပြစ်ပြုခွင့်ကိုမည်သို့ရကြမည်နည်း

"သူတို့က ယေရှုကိုဖမ်းနိုင်ရန် ယေရှုအား မည်သို့ မှားအောင် စကားပြောခိုင်းမည်နည်း"

သူတို့၏တပည့်တော်များ...ဟေရောဒိ

ဖာရိရှဲတို့၏ တပည့်များက ယုဒအာဏာပိုင်များကိုသာ အခွန်ပေးချင်ကြသည်။ ဟေရောဒိများက ရောမအာဏာပိုင်များကိုသာ ပေးချင်ကြသည်။ ဖာရိရှဲတို့က ယေရှု ပြောမည့်အရာသည် အုပ်စုတစ်ခုခုကိုတိုက်ခိုက်မည်ဟု ယုံကြည်ကြသည်။ (ရှု၊ rc://*/ta/man/translate/figs-explicit)

ဟေရောဒီ

ယုဒဘုရင် ဟေရုဒ်၏ နောက်လိုက်များနှင့် အရာရှိများဖြစ်ကြသည်။ သူသည် ရောမအာဏာပိုင်များနှင့် သူငယ်ချင်းများ ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/translate-names)

လူတို့အကြားတွင် သင်သည် မျက်နှာလိုက်မှုမရှိသလော

"လူတချို့ကို လေးစားမှု မပြမည်လော" သို့မဟုတ် "သင်သည် လူတချို့သည့် အခြားလူတချို့ထက်အရေးကြီးသည်ဟု မထင်သလော"

ကဲသာဘုရင်အားအခွန်ပေးသည်

လူတို့က ကဲသာဘုရင်ထံသို့ တိုက်ရိုက် အခွန်မပေးကြပါ။ သူ၏ အခွန်ခံတစ်ယောက်အား ပေးကြရသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကဲသာဘုရင် တောင်းဆိုသည့် အခွန်များကို ပေးရန်" (ရှု၊ rc://*/ta/man/translate/figs-explicit)