my_tn/mat/15/01.md

3.2 KiB

ယေဘုယျအချက်အလက်

ရှေ့ကအဖြစ်အပျက် ပြီးသည့် ခဏတွင် ဆက်လက်၍ ဖြစ်ပျက်သည်။ ဖာရိရှဲတို့၏ ဝေဖန်မှုကို ယေရှုက ပြန်တုံ့ပြန်သည်။ (ရှု၊ rc://*/ta/man/translate/writing-newevent)

သင်တို့တပည့်များက ဘာ့ကြောင့် သက်ကြီးသူများ၏ဓလေ့များကို လွန်ကျုးကြသနည်း။

ဖာရိရှဲများနှင့် ကျမ်းပြုဆရာများက ဤမေးခွန်းကိုသုံးပြီး ယေရှုနှင့် သူ့တပည့်တော်များကို ဝေဖန်ကြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါတို့ ဘိုးဘေးများ ပေးခဲ့သည့် ဥပဒေများကို သင်၏ တပည့်တော်များက မလေးစားကြပါ" (ရှု၊ rc://*/ta/man/translate/figs-rquestion)

သက်ကြီးသူများ၏ ဓလေ့များ

မောရှေ၏ ပညတ်တော်နှင့် မတူပေ။ မောရှေ နောက်ပိုင်း ဘာသာရေးခေါင်းဆောင်များက ပညတ်တော်များကို အနက် ဖွင့်ပြီး ဖြည့်စွက် သင်ကြားချက်များကိုဆိုလိုသည်။

သူတို့လက်များကို ဆေးကြောကြသည်

ဤဆေးကြောခြင်းသည် လက်များမက သန့်ရှင်းရန်မဟုတ်ပါ။ သက်ကြီးသူများ၏ ဓလေ့အရ ဘာသာရေးအရ သန့်ရှင်းခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့ လက်ကို ကောင်းစွာ မဆေးကြောကြ" (ရှု၊ rc://*/ta/man/translate/figs-explicit)

သင်တို့၏ဓလေ့များကြောင့် ဘုရားသခင်၏ပညတ်တော်များကို အဘယ့်ကြောင့် လွန်ကျုးကြသနည်း။

ဘာသာရေးခေါင်းဆောင်များ လုပ်သည့်အရာကို ယေရှုက မေးခွန်းဖြင့် ပြန်ဖြေသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့ ဘိုးဘေးများ သင်ပေးခဲ့သည့် အရာများကို လိုက်နာနိုင်ကြရန်အတွက် ဘုရားသခင်၏ ပညတ်တော်များကို သင်တို့ ငြင်းဆန်သည်ကို ငါသိသည်" (UDB) (ရှု၊ rc://*/ta/man/translate/figs-rquestion)