my_tn/mat/13/54.md

3.3 KiB

ယေဘုယျအချက်အလက်

17:26 မှစသည့် ဇတ်လမ်း၏အစပိုင်းဖြစ်သည်။ ယေရှု၏ သာသနာကို ဆန့်ကျင်ကြသည့်အရာနှင့် ကောင်းကင်နိုင်ငံတော်အကြောင်း သင်ပေးသည့်အဆက်ဖြစ်သည်။ ဤနေရာ၌ ယေရှု၏ ဇာတိမြို့ခံများက သူ့ကိုငြင်းပယ်ကြသည်။

သူ့ဒေသ

"သူ့ဇာတိမြို့" ယေရှုကြီးပြင်းလာခဲ့သည့် နာဇရက်မြို့ကို ဆိုလိုသည်။ (ရှု၊ rc://*/ta/man/translate/figs-explicit)

သူတို့၏တရားဇရပ်

"သူတို့၏" သည် ထိုဒေသရှိလူများကို ဆိုလိုသည်။

သူတို့ အံ့ဩကြသည်

"သူတို့ အံ့ဩကြသည်"

ဤလူက ဤပညာနှင့် နမိတ်လက္ခများကို အဘယ်ကရသနည်း။

"ဤသာမန်လူက အလွန်ပညာရှိလျက် နိမိတ်လက္ခဏာများကို အဘယ်သို့ ပြုလုပ်နိုင်သနည်း"

လက်သမား၏သားမဟုတ်သလော။ သူ့အမေသည် မာရိမဟုတ်လော။ သူ့ညီများသည် ယာကုပ်၊ ယောသေ၊ ရှိမုန်၊ ယုဒဟုဆိုကြသည် မဟုတ်လော။ သူ့ညီမအားလုံးသည် ငါတို့နားမှာရှိကြသည် မဟုတ်လော။ ဤအရာအားလုံးကို အဘယ်ကရသနည်း။

လူအုပ်က သူတို့အံ့အားသည့်အတွက် ဤမေးခွန်းများကို သုံးခြင်းဖြစ်သည်။ သူတို့နယ်မှ သာမန်လူတစ်ယောက်က ဤအရာများလုပ်နိုင်သည်။ အခြားသောဘာသာပြန်ဆို ချက်၊ "ယေရှုသည် လက်သမား၏ သား ဖြစ်သည်။ သူ့အမေမှာ မာရိဖြစ်ကြောင်း ငါတို့သိကြသည်။ သူညီများမှာ ယာကုပ်၊ ယောသေ၊ ရှိမုန်၊ ယုဒ နှင့် သူ့ညီမအားလုံး ငါတို့ကြားမှာနေကြသည်။ သာမန်လူက ဤအရာများကို လုပ်နိုင်မည် မဟုတ်" (ရှု၊ rc://*/ta/man/translate/figs-rquestion)

လက်သမား၏သား

လက်သမားသည် သစ်သားနှင့် ကျောက်များဖြင့် တစ်ခုခုလုပ်သူများဖြစ်သည်။ "လက်သမား" ကို မသိကြလျှင် "တည်ဆောက်သူ" ဟုလည်း သုံးနိုင်သည်။