my_tn/mat/13/34.md

3.3 KiB

ယေဘုယျအချက်အလက်

စာရေးသူက ဆာလံကျမ်းကို ကိုးကားပြီး ယေရှုက ပုံဥပမာများဖြင့် သင်ပေးသည်မှာ ပရောဖက်ပြုချက် ပြည့်စုံစေကြောင်း ပြသသည်။

ဤအရာအားလုံးကို ယေရှုက လူအုပ်အား ပုံဥပမာများဖြင့် ပြောသည်။ ပုံဥပမာမပါဘဲ သူတို့ကို ဘာမှသူမပြော။

ဝါကျနှစ်ခုစလုံး၏ ဆိုလိုရင်းမှာ အတူတူဖြစ်သည်။ ယေရှုက လူအုပ်များကို ပုံဥပမာများဖြင့်သာ သင်ပေးသည်ကို အလေးနက်ပေးထားချင်သည့်အတွက် ပေါင်းသုံးခြင်း ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-parallelism)

ဤအရာအားလုံး

13:1 ၌စသည့် ယေရှု သင်ပေးသည့်အရာကို ဆိုလိုသည်။

ပုံဥပမာမပါဘဲ သူတို့ကို ဘာမှသူမပြော

"ပုံဥပမာများမှတပါး သူတို့ကို ဘာမှ မသင်ပေးပါ" အငြင်းနှစ်ခုကို အဆိုဖြင့် ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့ကို သူသင်ပေးသည့်အခါတိုင်း ပုံဥပမာများဖြင့် သင်ပေးသည်" (ရှု၊ rc://*/ta/man/translate/figs-doublenegatives)

ပရောဖက်မှတဆင့် သူပြောသည့်အရာသည် အမှန်ဖြစ်လာသည်ဟု သူပြောသည်

အခြားသောဘာသာပြန်ဆိုချက်၊ "ရှေးပရောဖက် တပါးအား ဘုရားသခင် ရေးခိုင်းသည့်အရာကို အမှန်ဖြစ်လာစေသည်" (UDB) ( (ရှု၊ rc://*/ta/man/translate/figs-activepassive)

သူပြောသည့်အခါ

"ပရောဖက်က ပြောသည့်အခါ"

ငါ့ပါးစပ်ကို ဖွင့်မည်

စကားပြောသည်ကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ စကားပြောမည်" (ရှု၊ rc://*/ta/man/translate/figs-idiom)

လျှို့ဝှက်ထားသည့်အရာ

အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်က လျှို့ဝှက်ထားသည့်အရာ" (ရှု၊ rc://*/ta/man/translate/figs-activepassive)

ကမ္ဘာဦးမှစ၍

"ကမ္ဘာ၏ အစမှ" သို့မဟုတ် "ဘုရားသခင်က ကမ္ဘာကိုဖန်ဆင်းသည့်အချိန်မှ"