my_tn/mat/13/20.md

3.3 KiB

ဆက်စပ်မှုဖော်ပြချက်

မျိုးစေ့ကြဲသည့်လူ ပုံဥပမာအကြောင်းကို သူတပည့်များအား ယေရှုက ဆက်ပြောပြနေသည်။

ကျောက်ပေါသည့် နေရာတွင် ကြဲထားသည့်အရာ

"ကြဲထားသည့်အရာ" သည် ကျသွားသည့် မျိုးစေ့ကို ဆိုလို သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကျောက်ပေါသည့် နေရာတွင် ကျသွားသည့် မျိုးစေ့"(ရှု၊ rc://*/ta/man/translate/figs-explicit)

ကျောက်ပေါသည့် နေရာတွင် ကြဲသည့်အရာ

"မျိုးစေ့ကြဲထားသော ကျောက်ပေါသည့်နေရာသည်"

နှုတ်ကပတ်တော်ကို ကြားသောသူ

ပုံဥပမာ၌ မျိုးစေ့သည် နှုတ်ကပတ်တော်ကို ကိုယ်စားပြုသည်။

နှုတ်ကပတ်တော်

ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "နှုတ်ကပတ်တော်" သို့မဟုတ် "ဘုရားသခင်၏ သင်ကြားချက်" (ရှု၊ rc://*/ta/man/translate/figs-metonymy)

ဝမ်းမြောက်ခြင်းနဲ့လက်ခံသည်

နှုတ်ကပတ်တော် ယုံကြည်သည်ကို တစ်ခုခုလက်ခံသည်ဟု ပြောခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဝမ်းသာစွာ ယုံကြည်လက်ခံသည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

သူ၌ အမြစ်မစွဲသေးသည့်အတွက် ခဏသာခံရသည်

"အမြစ်သည် နက်စွာ မတွယ်သဖြင့် ခဏသာ ခံသည်" အမြစ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၌ စွဲမြဲနေမှုကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အမြစ်မစွဲသည့် အပင်ကဲ့သို့ ခဏသာ ခံသည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

လျှင်မြန်စွာ ဖောက်ပြန်သည်

"ကျသွား" သည် ယုံကြည်ခြင်း ရပ်တန့်သည်ကိုဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ရုတ်တ ရက် ဖောက်ပြန်သည်" သို့မဟုတ် "သူ ယုံကြည်ထားသည့်အရာမှ ချက်ခြင်း ရပ်တန့်သည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)