my_tn/mat/13/16.md

3.8 KiB

ဆက်စပ်မှုဖော်ပြချက်

သူ့တပည့်တော်များအား ပုံဥပမာများနှင့်တကွ သင်ကြားပေးသည့်အကြောင်း ရှင်းပြမှုကို ယေရှုက အဆုံးသတ်သည်။

သင်တို့မြင်သည့်အရာကြောင့် သင်တို့ကောင်းကြီးခံစားကြသည်။ သင်တို့ကြားသည့်အရာကို သူတို့ကြားခြင်းငှာ

ဤစကားစုနှစ်ခုစလုံး၏ ဆိုလိုရင်းက အတူတူဖြစ်သည်။ ယေရှု လုပ်ခဲ့သည့်အရာ၊ ပြောခဲ့သည့်အရာကို သူတို့က ယုံကြည်ကြသည့်အတွက် ဘုရားသခင်ကို ဝမ်းသာစေကြ သည်ကို ယေရှုက အလေးအနက်ပေးထားသည်။ (ရှု၊ rc://*/ta/man/translate/figs-parallelism)

သင်တို့မြင်သည့်အရာကြောင့် သင်တို့ကောင်းကြီးခံစားကြသည်

"မျက်စိများ" သည် လူတစ်ခုလုံးကို ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့ မျက်စိများက မြင်နိုင်သည့်အတွက် သင်တို့ကောင်းကြီးခံစားကြသည်" (ရှု၊ rc://*/ta/man/translate/figs-synecdoche)

သင်တို့၏...သင်တို့

ဤစာလုံးအားလုံးသည် တပည့်တော်များကို ဆိုလိုသည့် အများကိန်းများ ဖြစ်ကြသည်။ (ရှု၊ rc://*/ta/man/translate/figs-you)

သင်တို့ကြားသည့်အရာကို သူတို့ကြားခြင်းငှာ

"နားများ" သည် လူတစ်ခုလုံးကို ဆိုလိုသည်။ ဆိုလိုရင်းကို ရှင်းလင်းစွာ ဖော်ပြရန်လိုမည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့ နားသည် ကြားနိုင်သည့်အတွက် သင်တို့သည် ကောင်းကြီးခံစားကြ၏" (ရှု၊ [[rc:///ta/man/translate/figs-synecdoche]] and [[rc:///ta/man/translate/figs-ellipsis]])

သင့်ကို ငါအမှန်ပြောသည်

"သင့်ကို ငါအမှန်တရားပြောသည်" ယေရှုပြောသည့်အရာ ကို အလေးနက်ပေးသည်။

သင်မြင်သည့်အရာ

သူတို့မြင်သည့်အရာကို သင်ဖော်ပြရန် လိုအပ်မည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါပြောသည့် သင်တို့မြင်သည့်အရာ" (ရှု၊ rc://*/ta/man/translate/figs-explicit)

သင်ကြားသည့်အရာ

သူတို့ကြားသည့်အရာကို သင်ဖော်ပြရန် လိုအပ်မည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါပြောသည့် သင်တို့ကြားသည့်အရာ" (ရှု၊ rc://*/ta/man/translate/figs-explicit)