my_tn/mat/13/15.md

5.1 KiB

ဆက်စပ်မှုဖော်ပြချက်

ပရောဖက်ဟေရှာယ ကိုးကားချက်ကို ယေရှုက အဆုံးသတ်သည်။

ဤလူတို့၏နှလုံး...သူတို့ကို ငါကုသမည်

13:15 ၌ ဣသရေလလူတို့သည် သူတို့ကိုမမြင်နိုင်၊ မကြားနိုင်၊ မသင်ယူနိုင်အောင်ဖြစ်စေသည့် အရာရှိသည်ဟု ဘုရားက ဖော်ပြထားသည်။ ဘုရားသခင်က သူတို့ကို ကုသရန် သူ့ဆီလာကြဖို့ အလိုရှိသည်။ ဤအရာအားလုံးသည် သူတို့၏ ဝိညာဉ်ရေး အခြေအနေကို ဖော်ပြသည့် တင်စားချက်များဖြစ်သည်။ လူတို့သည် ဘုရားသခင် ၏ နှုတ်ကပတ်တော်ကို လက်ခံဖို့နှင့် နားလည်ဖို့ရန် ခေါင်းမာပြီး ငြင်းဆန်နေကြသည်ကို ဆိုလိုသည်။ သူတို့လိုချင်ကြပါက နောင်တရပြီး ဘုရားသခင်ကသူတို့ကို ခွင့်လွှတ်လျက် သူ့လူများအဖြစ် နောက်တဖန်လက်ခံမည်ဖြစ်သည်။ ဆိုလိုရင်း ရှင်းလင်းလျှင် တင်စားချက်ကို ဤအတိုင်းပြန်သုံးပါ။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

ဤလူတို့၏နှလုံးတို့သည် မိုက်သည်

"နှလုံး" သည် စိတ်ကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဤလူတို့၏ စိတ်များက သင်ယူရန် နှေးကွေးကြသည်" သို့မဟုတ် "ဤလူတို့က မသင်ယူနိုင်ကြတော့ပါ" (ရှု၊ rc://*/ta/man/translate/figs-metonymy)

သူတိုးကြားရန် ခက်ခဲသည်

သူတို့ နားလေးသည်မဟုတ်ပါ။ "ကြားရန် ခက်ခဲသည်" သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်ယူပြီး နားထောင်ရန် ငြင်းဆန်ကြသည်ကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့နားထောင်ဖို့ရန် သူတို့နားများကို အသုံးမပြုလိုကြ" (ရှု၊ rc://*/ta/man/translate/figs-metonymy)

သူတို့မျက်စိများကိုပိတ်ထားကြသည်

သူတို့မျက်စိအမှန် ပိတ်ကြသည်မဟုတ်ပါ။ နားလည်ဖို့ သူတို့ ငြင်းဆန်နေကြသည်ကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့မြင်ဖို့ သူတို့မျက်စိ အသုံးပြုရန် ငြင်းဆန်ကြသည်" (ရှု၊ rc://*/ta/man/translate/figs-metonymy)

သူတို့မျက်စိဖြင့် မမြင်၊ သူတို့နားဖြင့်မကြား၊ သူတို့နှလုံးဖြင့် နားမလည်ကြသောကြောင့် သူတို့နောက်မလှည့်ကြ

"သူတို့ မျက်စိများဖြင့် မမြင်နိုင်ကြ၊ သူတို့ နားဖြင့်မကြား၊ သူတို့ နှလုံးဖြင့် နားမလည်ကြသောကြောင့် နောက်သို့ပြန်မလှည့်ကြ"

ပြည်လှည့်သည်

"ငါ့ထံသို့ ပြန်လှည့်လာသည်" သို့မဟုတ် "နောင်တရသည်"

သူတို့ကို ငါကုသမည်

"သူတို့ကို ကုသသည်" ဘုရားသခင်က သူတို့ကို ဝိညာဉ်အရာ ကုသဖို့ သူတို့၏ အပြစ်များကို ခွင့်လွှတ်ပြီး သူ့လူများအဖြစ် ပြန်လက်ခံရန် ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့ကို ပြန်လက်ခံသည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)