my_tn/mat/13/13.md

5.7 KiB

ဆက်စပ်မှုဖော်ပြချက်

ယေရှုက ဘာ့ကြောင့် ပုံဥပမာများနှင့် သူတို့ကို သင်ပြသည့်အကြောင်း ရှင်းပြနေသည်။

ယေဘုယျအချက်အလက်

အပိုဒ် (၁၄) ၌ ယေရှု၏ သင်ကြားချက်၌ ပရောဖက်ပြုချက်ပြည့်စုံလာမှုကို လူတို့ နားမလည်နိုင်ကြသည်ကို ပရောဖက်ဟေရှာယအား ပြန်ကိုးကားပြီး ယေရှုက ပြောပြသည်။

သူတို့မြင်ကြသော်လည်း၊ အမှန်မမြင်ကြ။ သူတို့ကြားကြသော်လည်း၊ အမှန်မကြားက၊ အနက်ကိုနားမလည်ကြပါ

လူအုပ်က ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားလည်ရန် ငြင်းဆိုနေကြသည့် တပည့်တော်များကို ဤယှဉ်တွဲဖော်ပြချက်ဖြင့် ယေရှုက အလေးနက်ပေးဖော်ပြသည်။ (ရှု၊ rc://*/ta/man/translate/figs-parallelism)

သူတို့မြင်ကြသော်လည်း၊ အမှန်မမြင်ကြ၊

ဒုတိယမြောက် "မြင်" သည် နားလည်မှုကို ဆိုလိုသည်။ လူများက မည်သည့်အရာကို မြင်ကြမည့်အကြောင်း ဖော်ပြပါက ကောင်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါလုပ်သည့်အရာကို သင်တို့မြင်သော်လည်း၊ သူတို့ကို သင်တို့ နားမလည်ကြ" (ရှု၊ rc://*/ta/man/translate/figs-explicit)

သူတို့ကြားကြသော်လည်း၊ အမှန်မကြားက၊ အနက်ကိုနားမလည်ကြပါ

လူများက မည်သည့်အရာကို ကြားကြမည့်အကြောင်း ဖော်ပြပါကကောင်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါပြောသည့်အရာကို သင်တို့ကြားသော်လည်း၊ ငါ၏ ဆိုလိုရင်းကို သင်တို့ နားမလည်ကြ" (ရှု၊ rc://*/ta/man/translate/figs-explicit)

သူတို့ထံသို့ ပရောဖက်ဟေရှာယ၏ပရောဖက်ပြုချက်သည် ပြည့်စုံသည်

အခြားသောဘာသာပြန်ဆိုချက်၊ "ရှေးခေတ်က ပရောဖက်ဟေရှာယမှတဆင့် ဘုရားပြောခဲ့သည့်အရာကို သူတို့က ပြည့်စုံစေကြသည်"

ကြားလျက်ပင် အနက်ကို သင်တို့နားလည်ကြမည်မဟုတ်။ သင်တို့သည်မြင်လျက်ပင် အာရုံမပြုဘဲမြင်ကြလိမ့်မည်။

ပရောဖက်ဟေရှာယက ဟေရှာယခေတ် မယုံကြည်သည့်လူများအကြောင်းကို ပြန်ကိုးကား၍ အစပြုသည်။ ဤအရာကို အသုံးပြုပြီး ယေရှုက သူ့ကို နားထောင်နေကြသည့် လူအုပ်ကြီးကို ပြောသည်။ ဤအပိုဒ်က ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ငြင်းဆန်သည့်လူများကို အလေးနက်ပြုသည်။ (ရှု၊ rc://*/ta/man/translate/figs-parallelism)

ကြားလျက်ပင် အနက်ကို သင်တို့နားလည်ကြမည်မဟုတ်။

"သင်တို့ကြားသော်လည်း၊ သင်တို့နားလည်ကြမည်မဟုတ်" လူများက မည်သည့်အရာကို မြင်ကြမည့်အကြောင်း ဖော်ပြပါက ကောင်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ပရောဖက်များမှတဆင့်ဘုရားသခင်ပြုခဲ့သည့်အရာကို သင်တို့ကြားကြမည်၊ သို့သော် နားလည်ကြမည် မဟုတ်" (ရှု၊ rc://*/ta/man/translate/figs-explicit)

သင်တို့သည်မြင်လျက်ပင် အာရုံမပြုဘဲမြင်ကြလိမ့်မည်

လူများက မည်သည့်အရာကို မြင်ကြမည့်အကြောင်း ဖော်ပြပါက ကောင်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ပရောဖက်များမှတဆင့်ဘုရားသခင်ပြုခဲ့သည့်အရာကို သင်တို့မြင်ကြမည်၊ သို့သော် နားလည်ကြမည်မဟုတ်" (ရှု၊ rc://*/ta/man/translate/figs-explicit)