my_tn/mat/12/33.md

5.3 KiB

ဆက်စပ်မှုဖော်ပြချက်

ယေရှုက ဖာရိရှဲများကို ဆက်လက်တုံ့ပြန်နေသည်။

အပင်ကောင်းလျှင် အသီးကောင်းသည်၊ အပင်ဆိုးလျှင် အသီးဆိုးသည်

ဖြစ်နိုင်သည့်အဓိပ္ပါယ်များ (၁) "သင်သည်သစ်ပင်ကိုကောင်းစွာပြုလျှင် အသီးကောင်းလိမ့်မည်။ ဆိုးရွားစွာပြုလျှင် အသီးလည်းဆိုးမည်" သို့မဟုတ် (၂) သစ်ပင်သည် ကောင်းသည်ဟု သင်ထင်လျှင် ၎င်း၏အသီးသည် ကောင်း၍ဖြစ်၏။ သစ်ပင်သည်ဆိုးသည်ဟုထင်လျှင် ၎င်းအသီးသည် ဆိုးသောကြောင့်ဖြစ်၏။ ဤအရာသည် စကားပုံဖြစ်သည်။ လူတစ်ယောက်ကောင်းသည်၊ မကောင်းသည်ကို သိနိုင်ရန် ဤအချက်ကို သုံးလေ့ရှိကြသည်။

ကောင်းသည်..ဆိုးသည်

"ကျန်းမာသော...ရောဂါရသော"

သစ်ပင်သည် ၎င်း၏အသီးဖြင့် သိရသည်

အခြားသောဘာသာပြန်ဆိုချက်၊ "လူတို့က သစ်ပင်ကောင်း၊ မကောင်းကို ၎င်း၏ အသီးများဖြင့် သိကြသည်" (ရှု၊ rc://*/ta/man/translate/figs-activepassive)

မြွေဆိုး၏အမျိုးများ

"ရင်သွေးများ" သည် အကျင့်စရိုက်ရှိသည်ကို ဆိုလိုသည်။ မြွေဆိုးများသည်အဆိပ်ရှိသည့် မြွေများ၊အန္တရယ်ရှိသည့် အရာကို ကိုယ်စားပြုသည်။ 3:7 ၌ မည်သို့ဘာသာပြန် သည် ကို ကြည့်နိုင်သည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

သင်...သင်

အများကိန်းများ၊ ဖာရိရှဲများကို ဆိုလိုသည်။ (ရှု၊ rc://*/ta/man/translate/figs-you)

မည်ကဲ့သို့ သင်သည် ကောင်းသည့်အရာများကိုပြောနိုင်သနည်း။

ယေရှုက ဖာရိရှဲများကို ပုတ်ခတ်သည့်အနေဖြင့် မေးခွန်းကို သုံးသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်သည် ကောင်းသည့်အရာကို မပြောနိုင်" သို့မဟုတ် "သင်သည် အဆိုးကိုသာပြောနိုင်သည်" (ရှု၊ rc://*/ta/man/translate/figs-rquestion)

စိတ်နှလုံးအပြည့်ရှိသည့်အတိုင်း နှုတ်မြွတ်တတ်သည်

"စိတ်နှလုံးအပြည့်ရှိသည့်အတိုင်း" သည် လူတစ်ယောက် ၏ စိတ်ထဲရှိ အတွေးအမြင်ကို ဆိုလိုသည်။ "ပါးစပ်" သည် လူကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူ့စိတ်ထဲ၌ရှိသည့်အရာကို သူ့ပါးစပ်ဖြင့် ပြောလေ့ရှိသည်" (ရှု၊ [[rc:///ta/man/translate/figs-metonymy]] and [[rc:///ta/man/translate/figs-synecdoche]])

ကောင်းသောသူသည် ကောင်းသောစိတ်နှလုံးဘဏ္ဍာတိုက်ထဲက ကောင်းသောအရာတို့ကို ထုတ်ဘော်တတ်၏။ ဆိုးသောသူသည် ဆိုးသောဘဏ္ဍာတိုက်ထဲက ဆိုးသောအရာတို့ကို ထုတ်ဘော်တတ်၏။

ယေရှုက "နှလုံး"အကြောင်းကို လူတစ်ယောက်သည် ထည့်စရာခွက်ဖြစ်ပြီး ကောင်းသည့်အရာ (ဝါ) ဆိုးသည့်အရာဖြင့် ဖြည့်ထားသည်။ သူပြောသည့်အရာအားဖြင့် သူမည်ကဲ့သို့သောလူဖြစ်သည်မှာ သေချာသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အမှန်ကောင်းသည့် လူက အကောင်းကိုသာ ပြောပါမည်။ အမှန်ဆိုးသည့်လူက ဆိုးသည့်အရာကိုသာ ပြောပါမည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)