my_tn/mat/12/26.md

3.5 KiB

ဆက်စပ်မှုဖော်ပြချက်

စာတန်၏ တန်ခိုးဖြင့် လူကိုကုသသည်ဟု ဖာရိရှဲများ၏ စွပ်စွဲချက်ကို ယေရှုက ဆက်၍ တုံ့ပြန်နေသည်။

စာတန်က စာတန်ကိုနှင်ထုတ်လျှင်

ဒုတိယမြောက် စာတန် စာလုံးသည် စာတန် အမှုကိုဆောင်သည့် နတ်ဆိုးများကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "စာတန်က သူ့စာတန်များနှင့်တိုက်ခိုက်လျှင်" (ရှု၊ rc://*/ta/man/translate/figs-metonymy)

စာတန်...ဗေလဇေဗုလ

နာမည်နှစ်ခုစလုံးက တစ်ဦးကိုဆိုလိုသည်။

မည်ကဲ့သို့ သူ့နိုင်ငံသည် ရပ်တည်နိုင်မည်နည်း။

ယေရှုက မေးခွန်းဖြင့် ဖာရိရှဲများကို စိန်ခေါ်ထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "စာတန်၏ နိုင်ငံသည် မရပ်တည်နိုင်" သို့မဟုတ် "စာတန်၏ နိုင်ငံသည် ကြာရှည်မခံ" (ရှု၊ rc://*/ta/man/translate/figs-rquestion)

သူအားဖြင့် သင့်သားများက သူတို့ကိုနှင်ထုတ်သလော။

ယေရှုက တခြားမေးခွန်းဖြင့် ဖာရိရှဲများကို စိန်ခေါ်ထား သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဗေလဇေဗုလ၏ တန်ခိုးဖြင့် နတ်ဆိုးများကို သင့်နောက်လိုက်များကလည်း နှင်ထုတ်ကြသည်ဟု သင်ပြောရမည်။ သို့သော် ဤအရာသည် မမှန်ကြောင်း သင်သိသည်" (ရှု၊ rc://*/ta/man/translate/figs-rquestion)

သင့်သားများ

ယေရှုက ဖာရိရှဲများကို စကားပြောသည်။ "သင့်သားများ" သည် သူတို့နောက်လိုက်များကို ဆိုလိုသည်။ ခေါင်းဆောင်များ နောက်လိုက်သူများကို ဆိုလိုသည့်အသုံးနှုန်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင့်နောက်လိုက်များ" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ဤအကြောင်းကြောင့် သူတို့သည် သင့်ကို တရားစီရင်ကြမည်

"သင့်နောက်လိုက်က ဘုရားသခင်၏ တန်ခိုးဖြင့် နတ်ဆိုးများကို နှင်ထုတ်သည့်အတွက်၊ ငါ့အတွက်သင်မှားသည်ဟု သူတို့က သက်သေပြကြသည်"