my_tn/mat/10/40.md

3.4 KiB

ဆက်စပ်မှုဖော်ပြချက်

ယေရှုက သူ့တပည့်များကို ဆက်သင်ကြားနေသည်။ ဤနေရာ၌ သူတို့ တရားဟောရန်သွားသည့်အခါ သူတို့ခံစားရမည့် ဆင်းရဲဒုက္ခများ မကြောက်ကြသင့်ကြောင်းကို စပြောပြနေသည်။

သူ

"သူ" သည် ယေဘုယျအရ မည်သူမဆိုလူကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မည်သူမဆို" သိုမ့ဟုတ် "သူတစ်ယောက်" (ရှု၊ rc://*/ta/man/translate/figs-gendernotations)

ကြိုဆိုပါ

တစ်ယောက်ယောက်ကို ဧည့်သည်အဖြစ်လက်ခံခြင်းကိုဆိုလိုသည်။

သင်တို့

အများကိန်းဖြစ်ပြီး ယေရှုက စကားပြောနေသည့် တပည့် တော် ဆယ့်နှစ်ပါးများကို ဆိုလိုသည်။ (ရှု၊ rc://*/ta/man/translate/figs-you)

ငါ့ကိုကြိုဆိုပါ

ယေရှုက သူ့ကို ကြိုဆိုခြင်းနှင့် အတူတူဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူသည် ငါ့ကို ကြိုဆိုခြင်း ဖြစ်သည်"

ငါ့ကိုစေလွှတ်သူကို ကြိုဆိုပါ

တစ်ယောက်ယောက်က ယေရှုကို ကြိုဆိုလျှင် ဘုရားသခင်ကို ကြိုဆိုသည်နှင့်တူသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ့ကိုစေလွှတ်သော အဘဘုရားသခင်ကို ကြိုဆိုသည့်အလား"

သူသည်ပရောဖက်ဖြစ်သောကြောင့်

"သူ" သည် ကြိုဆိုခြင်းခံသည့် လူကို ဆိုလိုခြင်းမဟုတ်ပေ။ ကြိုဆိုနေသည့် လူကို ဆိုလိုခြင်းဖြစ်သည်။

ပရောဖက်၏ ဆုလဒ်

ပရောဖက်အား ဘုရားသခင်က ပေးမည့် ဆုလဒ်ဖြစ်သည်။ ပရောဖက်က အခြားသူအားပေးမည့် ဆုလဒ်မဟုတ်ပေ။

သူသည် ဖြောင့်မတ်သူဖြစ်သည်

"သူ" သည် ကြိုဆိုခြင်းခံသည့် လူကို ဆိုလိုခြင်းမဟုတ်ပေ။ ကြိုဆိုနေသည့် လူကို ဆိုလိုခြင်းဖြစ်သည်။

ဖြောင့်မတ်သူ၏ဆုလဒ်

ဖြောင့်မတ်သူအား ဘုရားသခင်ကပေးမည့် ဆုလဒ်ဖြစ်သည်။ ဖြောင့်မတ်သူက အခြားသူအားပေးမည့် ဆုလဒ်မဟုတ်ပေ။