my_tn/mat/10/28.md

6.4 KiB

ဆက်စပ်မှုဖော်ပြချက်

ယေရှုက သူ့တပည့်တော်များအား သူတို့တရားဟောမည့်အချိန်တွင် သူတို့ခံစားရမည် ဒုက္ခအကြောင်းကို ဆက်သင်ပေးသည်။

ယေဘုယျအချက်အလက်

သူတို့ကြုံတွေ့နိုင်သည့် ညှင်းပမ်းနှိပ်စက်မှုကို မကြောက် ရွံ့ ကြရန် အကြောင်းရင်းများကို သူ့တပည့်များအား ယေရှုက စပြောပြနေသည်။

ကိုယ်ခန္ဓာကိုသတ်နိုင်ပြီး ဝိညာဉ်မသတ်နိုင်သူကို မကြောက်ကြနှင့်။

ဝိညာဉ်ကို မသတ်နိုင်သည့်လူများနှင့် သတ်နိုင်သည့်လူများကြား ကွဲပြားမှုမရှိစေပါ။ မည်သူကမျှ ဝိညာဉ်ကို မသတ်နိုင်ပါ။ အခြားသောဘာသာပြန်ဆိုချက်၊ "လူများကို မကြောက်ကြနှင့်။ သူတို့က ခန္ဓာကိုသာ သတ်နိုင်ကြပြီး၊ ဝိညာဉ်ကို မသတ်နိုင်ကြပါ" (ရှု၊ rc://*/ta/man/translate/figs-distinguish)

ခန္ဓာကိုသတ်သည်

ခန္ဓာကိုသေစေသည်ကို ဆိုလိုသည်။ အဆင်မပြေပါက "သင့်ကိုသတ်သည်" သို့မဟုတ် "တခြားလူများကို သတ်သည်" ဟုသုံးနိုင်သည်။

ခန္ဓာ

လူ၏ ထိတွေ့၍ ရသည့်အပိုင်းဖြစ်သည်။ ဝိညာဉ်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။

ဝိညာဉ်ကိုသတ်သည်

လူတို့၏ ခန္ဓာသေပြီးနောက် ဒုက္ခပေးရန်ကို ဆိုလိုသည်။

ဝိညာဉ်

လူထဲ၌ ထိတွေ့၍မရသည့်အပိုင်း၊ လူအသက်ပြီးနောက် ရှင်သည့်အရာဖြစ်သည်။

တတ်နိုင်သူကို ကြောက်ကြပါ

"ကြောင့်" ကို လူတို့က အဘယ့်ကြောင့် ဘုရားကြောက်ရသည်ကို ရှင်းလင်းကြဖို့ ထည့်နိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် တတ်နိုင်သည့်အတွက် သူ့ကိုကြောက်ရွံ့ပါ" (ရှု၊ rc://*/ta/man/translate/writing-connectingwords)

စာငှက်နှစ်ကောင်ကို အဿရိပြား နှစ်ပြားဖြင့် ရောင်းရသည်မဟုတ်လော။

ယေရှုက ဤပုံဥပမာကို မေးခွန်းအဖြစ် သူ့တပည့်များအား သင်ကြားပေးသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "စာငှက်များကို စဉ်းစားပါ။ တန်ဖိုးအနည်းဆုံးသောပြားစေ့ဖြင့် နှစ်ကောင်ကို သင်တို့ ဝယ်နိုင်သည်" (ရှု၊ [[rc:///ta/man/translate/writing-proverbs]] and [[rc:///ta/man/translate/figs-rquestion]])

စာငှက်များ

သူတို့သည် အလွန်သေးငယ်ပြီး အစေ့များကို စားသည့်ငှက်များဖြစ်ကြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သေးငယ်သော ငှက်များ" (ရှု၊ rc://*/ta/man/translate/translate-unknown)

သေးငယ်သောပြားစေ့

သင့်နိုင်ငံရှိ တန်ဖိုးအနည်းဆုံးသောပြားစေ့ဖြင့် အစားထိုး ဘာသာပြန်နိုင်သည်။ အလုပ်သမား၏ တစ်နေ့ လုပ်ခ၏ (၁၆) ပုံတစ်ပုံနှင့် ညီမျှသည့် ကြေးပြားစေ့ကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အနည်းငယ်သော ငွေ"

သင်တို့အဘက မသိဘဲ သူတို့မှတစ်ကောင်မျှ မြေပေါ်သို့မကျလာရ

အခြားသောဘာသာပြန်ဆိုချက်၊ "စာငှက်တစ်ကောင်သေ၍ မြေပေါ်သို့ ကျလာလျှင် တောင်မှ သင်တို့အဘက သိသည်" (ရှု၊ rc://*/ta/man/translate/figs-doublenegatives)

အဘ

ဘုရားသခင်၏အရေးကြီးသည့် အမည်နာမဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/guidelines-sonofgodprinciples)

သင်တို့ခေါင်းပေါ်က ဆံပင်များတောင်မှ ရေတွက်ထားသည်။

အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့ ခေါင်းပေါ်မှာ ဆံပင်မည်မျှရှိသည်ကို ဘုရားသခင်က သိသည်" (ရှု၊ rc://*/ta/man/translate/figs-activepassive)

ရေတွက်သည်

အစဉ်မှတ်သည်

သင်တို့သည် စာငှက်လေးများထက် ပိုတန်ဖိုးရှိကြသည်

"စာငှက် အများအပြားထက် သင်တို့ကို ဘုရားသခင်က ပိုအလေးထားသည်"