my_tn/mat/10/26.md

5.0 KiB

ဆက်စပ်မှုဖော်ပြချက်

ယေရှုက သူ့တပည့်များကို ဆက်သင်ကြားနေသည်။ ဤနေရာ၌ သူတို့တရားဟောရန်သွားသည့်အခါ သူတို့ခံစားရမည့် ဆင်းရဲဒုက္ခများ မကြောက်သင့်ကြောင်းကို စပြောပြနေသည်။

သူတို့ကို မကြောက်ကြနှင့်

"သူတို့ကို' သည် ယေရှုနောက်လိုက်များကို ကောင်းစွာမဆက်ဆံသည့် လူများကို ဆိုလိုသည်။

ဖုံးထားလျက်ရှိသမျှသောအရာတို့သည် ပွင့်လိမ့်မည်။ ဆိတ်ကွယ်ရာ၌ ရှိသမျှတို့သည်လည်း ထင်ရှားလိမ့်မည်။

ဤအဆိုနှစ်ခုစလုံး၏ ဆိုလိုရင်းမှာ အတူတူဖြစ်သည်။ ဘုရားသခင်က အရာအားလုံးကို ထင်ရှားစေမည့်အကြောင်း ယေရှုကပြောသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူတို့ ဝှက်ထားသည့်အရာများကို ဘုရားသခင်က ဖွင့်ပြလိမ့်မည်" (ရှု၊ [[rc:///ta/man/translate/figs-parallelism]] and [[rc:///ta/man/translate/figs-activepassive]])

မှောင်မိုက်၌ သင့်ကိုငါပြောသည့်အရာကို အလင်း၌ပြောလော့၊ သင့်နားအပါး၌ ပြော၍ကြားသောအရာကို အိမ်မိုးပေါ်မှာ ဟစ်ကြော်လော့။

ဤအဆိုနှစ်ခုစလုံး၏ ဆိုလိုရင်းမှာ အတူတူဖြစ်သည်။ ယေရှုက သူ့တပည့်များအားတိတ်တဆိတ်ပြောသည့်အရာကို လူတိုင်းအားပြန်ပြောပြကြရန် အလေးနက်ပေး သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မှောင်မိုက်၌သင်တို့အား ငါပြောသည့်အရာကို အလင်း၌ပြောကြလော့။ သင်တို့ နားအပါး၌ ပြော၍ ကြားသည့်အရာကို အိမ်မိုးပေါ်များမှ ကြေငြာလော့" (ရှု၊ rc://*/ta/man/translate/figs-parallelism)

အမှောင်၌ သင်တို့အား ငါပြောသောအရာ

"အမှောင်" သည် "တိတ်တဆိတ်" ကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တိတ်တဆိတ် သင့်ကိုငါပြောသည့်အရာ" (ရှု၊ rc://*/ta/man/translate/figs-metaphor)

အလင်း၌ပြောသည်

"အလင်း" သည် "လူထု" ကို ဆိုလိုသည်။ အခြားသောဘာ သာပြန်ဆိုချက်၊ "ပွင့်လင်းစွာ ပြောပါ" သို့မဟုတ် "လူထုကြားတွင် ပြောပါ" (ရှု၊ rc://*/ta/man/translate/figs-metaphor)

သင့်နားတွင်ကြားရသည့် အသံပါး

တီးတိုးပြောသံကို ဆိုလိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တီးတိုးပြီး သင့်ကို ငါပြောသည့်အရာ" (ရှု၊ rc://*/ta/man/translate/figs-idiom)

အိမ်မိုးပေါ်မှာ ဟစ်ကြော်ကြလော့

ယေရှုသည် ပြန့်သောနေရာတွင် နေထိုင်သည့်အတွက် ကျယ်လောင်သည့် အသံဖြင့် စကားပြောလျှင် အဝေးက လူများလည်း ကြားနိုင်ကြသည်။ "အိမ်မိုးများပေါ်" သည် လူများကြားနိုင်သည့် မည်သည့်နေရာမဆိုကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူထုနေရာများတွင် အားလုံးက ကြားနိုင်အောင် စကားကျယ်ကျယ်ပြောပါ" (ရှု၊ rc://*/ta/man/translate/figs-metonymy)