my_tn/mat/10/08.md

3.2 KiB

ဆက်စပ်မှုဖော်ပြချက်

ယေရှုက သူ့တပည့်တော်များအား သူတို့တရားဟောမည့်အချိန်တွင် သူတို့လုပ်မည့်အရာအကြောင်းကို ဆက်သင်ပေးသည်။

သင်..သင်၏

တပည့်တော် ဆယ့်နှစ်ပါးကို ရည်ညွှန်းသည့် အများကိန်းနာမ်စားများဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-you)

အဘိုးမပေးဘဲရသည့်အရာကို အဘိုးမခံဘဲ ပြန်ပေးလော့

နောက်ခံအကြောင်းအရာကို မဖော်ပြထားသော်လည်း နားလည်ထားရသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည်သင့်ကို ကူညီ၍ ဘုရားသခင့်နှုတ်ကပတ်တော်ကို သင့်အားသင်ပေးသည်။ ထို့ကြောင့် တခြားလူများကူညီသည့်အခါနှင့် ဘုရား နှုတ်ကပတ်တော် သင်ပေးသည့်အခါ အခမယူပါနှင့်" (ရှု၊ rc://*/ta/man/translate/figs-ellipsis)

ရွှေ၊ ငွေ၊ ကြေး

ငွေပြားစေ့များ ပြုလုပ်သည့်အရာ သတ္တုများဖြစ်သည်။ သင့်ပတ်ဝန်းကျင်၌ ဤသတ္တုများ မသိကြပါက ငွေဟုဘာသာပြန်နိုင်သည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)

ငွေအိတ်

"ခါးပတ်၊ ခါးပတ်ငွေအိတ်" ကိုဆိုလိုသည်။ ခါး၌ပတ်ထားပြီး ရှည်လျားသည့်သားရေအိတ်ဖြစ်မည်။ ခေါက်ပြီးသယ်သွားနိုင်၊ ငွေထည့်နိုင်သည့် အိတ်ကို ဆိုလိုသည်။

ခရီးသွားအိတ်

ခရီးသွားသည့်အခါ ပစ္စည်းများသယ်သွားသည့် အိတ်ဖြစ်သည်။ အစားအစာ၊ ငွေလိုက်စုဆောင်းပြီး ထည့်ရန် အိတ်လည်း ဖြစ်နိုင်သည်။

အတွင်းခံအင်္ကျီအပို

5:40 ၌ သုံးသည့်အတိုင်း သုံးရန်ဖြစ်သည်။

အလုပ်သမား

"အလုပ်သမား"

သူ့အစာ

"အစာ" သည် လူတစ်ဦး၌ လိုအပ်သည့်အရာကို ဆိုလို သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူလိုအပ်သည့်အရာ" (ရှု၊ rc://*/ta/man/translate/figs-synecdoche)