my_tn/mat/10/02.md

2.1 KiB

ယေဘုယျအချက်အလက်

စာရေးသူက တပည့်တော် ဆယ့်နှစ်ပါးတို့၏ နာမည်များကို ဖော်ပြထားသည်။

သို့ရာတွင်

အဓိကဇာတ်လမ်းမှ အခြားအကြောင်းကို ပြောင်းသည့်အချက်ပြစာလုံးဖြစ်သည်။ မဿဲက တပည့်တော်ဆယ်နှစ်ပါးတို့၏ နောက်ကြောင်းကို ပြောပြသည်။ (ရှု၊ rc://*/ta/man/translate/writing-background)

တကျိပ်နှစ်ပါး

10:1. ၌ဖော်ပြသည့် "တပည့်တော်ဆယ့်နှစ်ပါး" ကိုဆိုလိုသည်။

ပထမ

အစဉ်အရ ပထမကို ဆိုလိုသည်။ (ရှု၊ rc://*/ta/man/translate/translate-ordinal)

ဇိလုတ်

ဖြစ်နိုင်သည့် အဓိပ္ပါယ်များ (၁) "ဇိလုတ်" တို့သည့် ရောမတို့လက်မှလွတ်မြောက်ရန်လိုချင်သည့် ယုဒလူအုပ်စုတို့၏ နာမည်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မျိုးချစ်ပုဂ္ဂိုလ်" သို့မဟုတ် (၂) "ဇိလုတ်တစ်ယောက်" ဘုရားသခင်ကို လေးစားရန် ဆန္ဒပြင်းပြသောသူတစ်ယောက်ကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "စိတ်ဓာတ်ပြင်းပြသောသူ"

မဿဲ အခွန်ခံ

"အခွန်ခံ မဿဲ"

သူ့ကို သစ္စာဖောက်မည့်သူ

"ယေရှုကို သစ္စာဖောက်မည့်သူ"