my_tn/mat/09/27.md

2.3 KiB

ဆက်စပ်မှုဖော်ပြချက်

ယေရှုက မျက်ကန်း နှစ်ယောက် ပြန်မြင်စေသည့်အကြောင်းဖြင့် အစပြုသည်။

ယေရှုက ထိုနေရာမှဖြတ်သွားသည့်အခါ

ယေရှုက ထိုဒေသမှ ထွက်သွားသည့်အခါ

ဖြတ်သန်းလျက်

"ထွက်သွားသည်" သို့မဟုတ် "သွားသည်"

သူ့ကိုလိုက်ပါ

ယေရှု၏ တပည့်တော်များ ဖြစ်လာရန်မလိုဘဲ၊ သူ၏ နောက်လိုက်ခြင်းကို ဆိုလိုသည်။

ငါတို့ကို သနားပါ

ယေရှုက သူတို့ကို အနာငြိမ်းစေရန် သူတို့ အလိုရှိသည်။ (ရှု၊ rc://*/ta/man/translate/figs-explicit)

ဒါဝိဒ်၏ သား

ယေရှုသည် ဒါဝိဒ်၏ သားအမှန် မဟုတ်ပါ။ ထို့ကြောင့် "ဒါဝိဒ်၏ မျိုးဆက်" (UDB) ဟုဘာသာပြန်သင့်သည်။ သို့သော် "ဒါဝိဒ်၏ သား" သည် မေရှိယ၏ နာမည်၊ လူများက ယေရှုကို ထိုသို့ခေါ်ကြသည့် နာမည်ဖြစ်သည်။

ယေရှုသည် အိမ်သို့လာသည့်အခါတွင်

ဤအိမ်သည် ယေရှု၏ အိမ် (သို့) 9:10 ရှိ အိမ် တစ်ခုခုဖြစ်နိုင်သည်။

ဟုတ်၊ သခင်

ဤအဖြေအပြည့်အစုံကို မဖော်ပြထားသော်လည်း နားလည်ရသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဟုတ်ကဲ့၊ သခင် သင်က ငါတို့ကို အနာငြိမ်းစေနိုင်မည်ဟု ငါတို့ယုံကြည်ကြသည်" (ရှု၊ rc://*/ta/man/translate/figs-ellipsis)