my_tn/mat/09/20.md

3.8 KiB

ဆက်စပ်မှု ဖော်ပြချက်

ယုဒအရာရှိ အိမ်သို့အသွားလမ်းတွင် တခြားအမျိုးသမီး ယေရှုက အနာငြိမ်းစေသည်ကို ဖော်ပြသည်။

ကြည့်ပါ

"ကြည့်ပါ" က ဇတ်လမ်းတွင် ဇတ်ကောင်သစ်ဝင်လာကြောင်းကို အချက်ပြသည့်စာလုံးဖြစ်သည်။ သင့်ဘာသာစကားတွင် ထိုသို့ပြသည့် စာလုံးရှိနိုင်သည်။

သွေးသွန်အနာစွဲသော

"အမြဲသွေးသွန်သည်" ပုံမှန်အချိန်မဟုတ်သည့်အချိန်တွင်လည်း သူမသားအိမ်မှ သွေးဆင်းနေသည်။ ဤအခြေနေမျိုးကို ယဉ်ကျေးစွာ ပြောဆိုနိုင်သည့်စာလုံးတချို့ယဉ်ကျေးမှုတွင် ရှိနိုင်သည်။ (ရှု၊ rc://*/ta/man/translate/figs-euphemism)

ဆယ့်နှစ်နှစ်

"၁၂ နှစ်" (ရှု၊ rc://*/ta/man/translate/translate-numbers)

အဝတ်တော်

"ဝတ်လုံ"

ငါသည် အဝတ်တော်ကိုသာ တို့လျှင် ချမ်းသာရမည်ဟု သူမကိုသူမထင်သည်။

ယေရှုကို မထိခင် သူမက ဤကဲ့သို့ စဉ်းစားသည်။ UDB ၌ ထားသကဲ့သို့ ရှေ့ဆုံး၌ထားပါက ကောင်းမည်။ (ရှု၊ rc://*/ta/man/translate/figs-events)

သူ့အဝတ်ကို ငါသည် ထိရုံလေးထိပါက

ယုဒတို့ ပညတ်တော်အရ သူမသည် သွေးစွန်းနေသူဖြစ်သောကြောင့် မည်သူ့ကိုမျှ ထိရန်မသင့်တော်ပေ။ သူ့အဝတ်များကို ထိရုံလေးထိသဖြင့် ယေရှု၏ တန်ခိုးသည်ထွက်သွားပြီး သူမကို အနာငြိမ်းစေသည်။ သူမထိသည်ကို ယေရှုက သိမည်ဟုလည်း မထင်ခဲ့ပါ။ (ရှု၊ rc://*/ta/man/translate/figs-explicit)

သို့သော်

"အစား" အမျိုးသမီးက ဖြစ်ပျက်လာမည်ဟုမျှော်လင့်ထားသည့်အရာက မဖြစ်ပျက်လာခဲ့ပါ။

သမီး

မိန်းမသည် ယေရှု၏ သမီးအမှန်မဟုတ်ပါ။ ယဉ်ကျေးသည့်အနေဖြင့်သာ ခေါ်ခြင်းဖြစ်သည်။ ရှုပ်ထွေးမည်ဆိုပါက "မိန်းမပျို" စသည်ဖြင့် ရေးနိုင်သည်။

သင့်ယုံကြည်ခြင်းက သင့်ကို ပြန်ကောင်းစေသည်

"သင်သည် ငါ့ကိုယုံသောကြောင့်၊ သင့်ကို ငါအနာငြိမ်းစေမည်"

ထိုခဏမှစ၍ ထိုမိန်းမသည် အနာကင်းပျောက်လေ၏

အခြားသောဘာသာပြန်ဆိုချက်၊ "ထိုခဏတွင် သူမကို ယေရှုက အနာငြိမ်းစေသည်" (ရှု၊ rc://*/ta/man/translate/figs-activepassive)