my_tn/mat/09/12.md

3.5 KiB

ယေဘုယျအချက်အလက်

ဤအဖြစ်အပျက်သည် အခွန်ခံမဿဲအိမ်တွင် ဖြစ်ပျက်သည့် အရာများဖြစ်သည်။

ယေရှုက ကြားသည့်အခါ

"ဤဟာ" သည် ယေရှု အပြစ်သားများနှင့် အခွန်ခံများနှင့်အတူ အစာစားသည့်အတွက်မေးသည့် မေးခွန်းကိုဆိုလိုသည်။

ခန္ဓာကိုယ်ကျန်းမာသူများက ဆေးသမားအလိုမရှိကြ။ ဖျားနာသူများကသာ အလိုရှိကြသည်။

ယေရှုက ဆိုရိုးစကားနှင့် ဖြေပေးသည်။ သူသည် သူတို့နှင့်အတူ အစာစားခြင်းသည် အပြစ်သားများကို ကူညီရန် သူလာခြင်းကြောင့်ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/writing-proverbs)

ခန္ဓာကိုယ်ကျန်းမာသူများ

"ကျန်းမာသောလူများ"

ဆေးသမား

"ဒေါက်တာ" (UDB)

ဖျားနာသူများ

"ဆေးသမားအလိုရှိသည်" သည် နားလည်ထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဖျားနာပြီး ဆေးသမားအလိုရှိသော လူများ" (ရှု၊ rc://*/ta/man/translate/figs-ellipsis)

ဘာဆိုလိုသည်ကို သင်သွား၍သင်ယူသင့်သည်

ယေရှုက ကျမ်းစာကို ပြန်ကိုးကားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကျမ်းစာ၌ဘုရားသခင်ဘာဆိုလိုပြီးပြောသည်ကို သင်သင်ယူလေ့လာသင့်သည်"

သင်သွားသင့်သည်

"သင်" သည် အများကိန်း၊ ဖာရိရှဲများကို ဆိုလိုသည်။ (ရှု၊ rc://*/ta/man/translate/figs-you)

ယဇ်ပူဇော်ခြင်းထက် သနားခြင်းကို ငါအလိုရှိသည်။

ကျမ်းစာ၌ ပရောဖက် ဟောရှေရေးထားသည့် အရာကိုယေရှုက ပြန်ကိုးကားသည်။ "ငါ" သည် ဘုရားသခင်ကို ဆိုလိုသည်။

ငါလာသည့်အတွက်

"ငါ" သည် ယေရှုကိုဆိုလိုသည်။

ဖြောင့်မတ်သူ

ယေရှု၏ အသုံးနှုန်းဖြစ်သည်။ ဖြောင့်မတ်ပြီး နောင်တရရန် မလိုအပ်သည့် ပုဂ္ဂိုလ်ရှိနိုင်သည်ကို မစဉ်းစားခဲ့ပါ။ အခြားသောဘာသာပြန်ဆိုချက်၊ "ဖြောင့်မတ်သူများဟု သူတို့ကို သူတို့ ထင်သူများ" (ရှု၊ rc://*/ta/man/translate/figs-irony)