my_tn/mat/04/23.md

3.5 KiB

ဆက်စပ်အကြောင်းအရာ

ယေရှုသည် ဂါလိလဲပြည်တွင် အမှုဆောင်ခြင်း၏အစကို ဖေါ်ပြထားသော အကြောင်းအရာ၏ အဆုံးဖြစ်သည်။ ဤအခန်းငယ်များတွင် သူ၏လုပ်ဆောင်မှုနှင့် လူများ၏ တုန့်ပြန်မှုကို အကျဉ်းချုံးပြီး ဖေါ်ပြထားသည်။ (ရှု၊ rc://*/ta/man/translate/writing-endofstory)

တရားစရပ်တို့၌ ဆုံးမဩဝါဒပေးလျက်

"ဂါလိလဲမြို့သားများ၏ တရားဇရပ်များတွင် သွန်သင်ခြင်း" သို့မဟုတ် "ထိုသူများ၏ တရားဇရပ်များတွင် သွန်သင်ခြင်း"

နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်

ဤနေရာတွင် "နိုင်ငံတော်"ဟု ဆိုခြင်းသည် ရှင်ဘုရင်ကဲ့သို့ ဘုရား၏ အုပ်စိုးခြင်းကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက် - "ဘုရားသခင်သည် သူ့ကိုယ်သူ ရှင်ဘုရင်ဖြစ်ကြောင်းဖေါ်ပြမည့် သတင်းကောင်းကို ဟောကြားခြင်းဖြစ်သည်" (UDB) (ရှု၊ rc://*/ta/man/translate/figs-metonymy)

အနာရောဂါအမျိုးမျိုး

"ရောဂါ"နှင့် "နာမကျန်းဖြစ်ခြင်း"သည် ဆင်တူရိုးမှား စကားလုံးဖြစ်သော်လည်း ဖြစ်နိုင်လျှင် ဤနေရာတွင် သီးခြားစီ ဘာသာပြန်ဆိုသင့်သည်။ "ရောဂါ"သည် လူတစ်ဦးအား နာမကျန်းဖြစ်စေသော အရာဖြစ်သည်။

မကျန်းမာခြင်း

ရောဂါကြောင့် ခန္ဓာကိုယ်အားနည်းခြင်း သို့မဟုတ် ဝေဒနာဖြစ်လာသည်။

နတ်ဝင်သောသူ

အခြားသောဘာသာပြန်ဆိုချက် - "နတ်၏ပိုင်ဆိုင်မှုကို ခံရသူ" သို့မဟုတ် "နတ်၏ ထိန်းချုပ်မှုကို ခံရသူ" (ရှု၊ rc://*/ta/man/translate/figs-activepassive)

ဝက်ရူးစွဲသောသူ

"ဖမ်းချုပ်ခြင်းခံရသူများ" သို့မဟုတ် "ဝတ်ရူးပြန်ရောဂါရှိသူများ"

လက်ခြေသေသောသူ

"လမ်းမလျှောက်နိုင်သော သူများ"

ဒေကပေါလိပြည်

"မြို့ဆယ်မြို့"ကို ဆိုလိုသည် (USB)။ ဂါလိလဲအိုင်၏ အရှေ့တောင်ဖက်ဒေသ၏ အမည်နာမဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/translate-names)