my_tn/mat/04/12.md

2.0 KiB

ယေဘုယျအချက်အလက်

ဂါလိလဲတွင် ယေရှုအမှုတော်မြတ် စတင်ခြင်းကို စာရေးသူမှ ဖေါ်ပြထားသော ဇာတ်ဝင်ခန်းအသစ် ဖြစ်သည်။ ဤကျမ်းပိုဒ်များမှ ယေရှုသည် ဂါလိလဲသို့ သွားရောက်ခဲ့ခြင်းကို ဖေါ်ပြသည်။ (ရှု၊ rc://*/ta/man/translate/writing-background)

ယခု

ဇာတ်ကြောင်းကို ခေတ္တရပ်နားစေခြင်းအနေဖြင့် ထိုစကားလုံးကို အသုံးပြုခြင်းဖြစ်သည်။ ဤနေရာတွင် ရှင်မဿဲမှ ဇာတ်ဝင်ခန်းအသစ်ကို စတင်မိတ်ဆက်ပေးခြင်းဖြစ်သည်။

ယောဟန်သည် ထောင်ထဲသို့

ဤဝေါဟာရကို ပြုလုပ်သူဖြင့် ဖေါ်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက် - "ထိုရှင်ဘုရင်မှ ယောဟန်အား ထောင်ချသည်" (ရှု၊ rc://*/ta/man/translate/figs-activepassive)

ဇာဗုလုန်ခရိုင်၊ နဿလိခရိုင်စပ်ကြားတွင်

တိုင်းတပါးသားများမှ ဣသရေလတိုင်းပြည်အား မသိမ်းပိုက်မီ အစောပိုင်း နှစ်များစွာတွင် ထိုဒေသတွင် နေထိုင်ကြသော လူမျိုးနွယ်စုများ၏ အမည်နာမများဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-explicit)