my_tn/mat/04/05.md

3.6 KiB

ယေဘုယျအချက်အလက်

အခန်းငယ် ၆တွင် စာတန်သည် ယေရှုကို သွေးဆောင် ဖြားယောင်းခြင်းငှာ ဆာလံကျမ်းကို ကိုးကားသည်။

ဘုရားသခင်၏ သားတော်မှန်လျှင် ကိုယ်ကို အောက်သို့ချလိုက်တော်မူပါ

စာတန်သည် ယေရှုကို ဘုရားသားတော်ဖြစ်ကြောင်းကို သိသည်။ ဖြစ်နိုင်ခြေများသောအဓိပ္ပါယ်များမှာ - ( ၁) ယေရှုသည် မိမိကိုယ်ကျိုးအတွက် နိမိတ်လက္ခဏာပြစေခြင်းငှာ သွေးဆောင်ခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက် - "သင်သည် ဘုရားသခင်၏သားတော် အမှန်ဖြစ်လျှင် အောက်သို့ ခုန်ဆင်းပါ" သို့မဟုတ် ( ၂) စိန်ခေါ်ချက် သို့မဟုတ် စွပ်စွဲချက် ဖြစ်သည်။ အခြားသောပြန်ဆိုချက် - "ကိုယ်ကို အောက်သို့ ခုန်ဆင်းခြင်းအားဖြင့် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း သက်သေပြပါ" (UDB)။

ဘုရားသခင်၏ သားတော်

ယေရှုနှင့် ဘုရားသခင်၏ စပ်ကြားတွင် အရေးကြီးသော ဆက်စပ်မှုကို ဖေါ်ပြခြင်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/guidelines-sonofgodprinciples)

ကိုယ်ကို အောက်သို့ချလိုက်တော်မူပါ

"ကိုယ်တိုင် အောက်သို့ ခုန်ဆင်းပါ" သို့မဟုတ် "ခုန်ချပါ"

ကျမ်းစာလာသည်

ဤဝေါဟာရကို ပြုလုပ်သူဖြင့် ဖေါ်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက် - "ထိုအကြောင်းအရာကို ကျမ်းစာ၌ ရေးသားထားခဲ့ပြီ" သို့မဟုတ် "ထိုအကြောင်းအရာကို ကျမ်းစာတွင် မိန့်ဆိုခဲ့သည်" (ရှု၊ rc://*/ta/man/translate/figs-activepassive)

ကောင်းကင်တမန်တို့အားသင့်အဘို့ မှာထားတော်မူသည်

"ကောင်းကင်တမန်တို့အား သင့်အဘို့ မှာထားတော်မူသည်"။ အခြားသောဘာသာပြန်ဆိုချက် - "'သူ့ကို ဂရုစိုက်ပါ' လို့ ဘုရားသခင်မှ ကောင်းကင်တမန်များကို ပြောမည်" (ရှု၊ rc://*/ta/man/translate/figs-quotations)

သူတို့သည်သင့်ကို လက်နှင့်မစ ချီပင့်ကြလိမ့်မည်။

"ကောင်းကင်တမန်များသည် သင့်ကို ဆုပ်ကိုင်ထားမည်"