my_tn/mat/03/13.md

2.2 KiB

ဆက်စပ်အကြောင်းအရာ

နှစ်ခြင်းဆရာယောဟန်မှ ယေရှုကို နှစ်ခြင်းပေးသောအချိန်ကာလသို့ ဇာတ်အိမ်သည် ဤနေရာတွင် ပြောင်းသွားသည်။

ယောဟန်မှ ဗတ္တိဇံပေးသည်

ဤဝေါဟာရကို ပြုလုပ်သူဖြင့် ဖေါ်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက် - "ထိုကြောင့် ယောဟန်မှ သူအား ဗတ္တိဇံကိုပေးသည်" (ရှု၊ rc://*/ta/man/translate/figs-activepassive)

အကျွန်ုပ်သည် ကိုယ်တော်ထံ၌ ဗတ္တိဇံကိုခံရမည် အကြောင်းရှိပါသည်ဖြစ်၍၊ ကိုယ်တော်သည် အကျွန်ုပ်ထံသို့ ကြွလာတော်မူသလော။

သူမျှော်လင့်မထားသော ယေရှု၏ တောင်းဆိုမှုသည် ယောဟန်အတွက် အံ့အားသင့်စရာ မေးခွန်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကျွန်တော်ထက် ကိုယ်တော်သည် သာ၍မြတ်ပါသည်၊၊ ကျွန်တော်သည် ကိုယ်တော်အား နှစ်ခြင်းပေးရန် မဖြစ်ထိုက်ပါ။ ကိုယ်တော်သာ ကျွန်တော်အား နှစ်ခြင်းမင်္ဂလာပေးရန် သင့်မြတ်ပါသည်"။ (ရှု၊ rc://*/ta/man/translate/figs-rquestion)

ကျွန်တော်တို့သည်

ဤနေရာတွင် "ကျွန်တော်တို့" ဟူသည့် စကားလုံးသည် ယေရှုနှင့် ယောဟန်ကို ဆိုလိုသည်။ (ရှု၊ rc://*/ta/man/translate/figs-exclusive)