my_tn/mat/03/10.md

4.2 KiB

ယေဘုယျအချက်အလက်

နှစ်ခြင်းဆရာယောဟန်သည် ဖာရိရှဲနှင့် ကျမ်းတတ်ပုဂ္ဂိုလ်များကို ဆက်လက် ရှုတ်ချသည်။

သစ်ပင်အမြစ်နားမှာ ပုဆိန်ထားလျက်ရှိသည်ဖြစ်၍၊ ကောင်းသောအသီးမသီးသောအပင််ရှိသမျှတို့ကို ခုတ်လှဲ၍ မီးထဲသို့ ချလိုက်ရ၏။

ဤပုံဥပမာမှ ဘုရားသခင်သည် အပြစ်သားများအား ပြစ်ဒဏ်ပေးရန် အဆင်သင့်ဖြစ်နေကြောင်း ဖေါ်ပြသည်။ ဤဝေါဟာရကို ပြုလုပ်သူဖြင့် ဖေါ်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက် - "မကောင်းသောအသီး သီးနေသောအပင်မှန်သမျှကို ခုတ်ဖြတ်၍ မီးရှို့ရန်အတွက် ဘုရားသခင်သည် မိမိ၏အနားတွင် အရန်သင့် ပုဆိန်ကို ထားသည်" သို့မဟုတ် "မကောင်းသောအသီး သီးနေသောအပင်များကို ခုတ်ဖြတ်ရန်အတွက် လူတစ်ဦးသည် မိမိ၏အနီးတွင် ပုဆိန်ကို အရန်သင့်ထားသကဲ့သို့ ဘုရားသခင်သည် သင်၏အပြစ်အတွင် အပြစ်ဒဏ်ပေးရန် အဆင်သင့် အရန်သင့် ဖြစ်နေသည်" (ရှု၊ [[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-activepassive]])

နောင်တအဖို့အဘို့အလိုငှါ

"သင် နောင်တရရန် ဖေါ်ပြခြင်း"

မိမိကောက်နယ်တလင်းကို ရှင်းလင်းစေသဖြင့်

ခရစ်တော်သည် မိမိကောက်နယ်တလင်းကို ရှင်းလင်းရန်အတွက် ခက်ရင်းခွကို ကိုင်နေသော သူနှင့်တူသည်။

မိမိကောက်နယ်တလင်း

"သူ၏ မြေကွက်" သို့မဟုတ် "အဖျင်းမှ ဆန်ရရန်အတွက် လုပ်ဆောင်ရသော မြေကွက်"

မိမိဂျုံစပါးကို ကျီ၌ စုသိမ်းသွင်းထား၍၊ အဖျင်းကိုကား မငြိမ်းနိုင်သောမီးနှင့် ရှိတော်မူလတံ့။

ဆိုးသွမ်းသော သူများအထဲမှ ဖြောင့်မတ်သောသူများကို ဘုရားသခင်မှ ရွေးနုတ်မည့်အကြောင်းကို ပုံပမာဖေါ်ပြခြင်းဖြစ်သည်။ လယ်သမားမှ သူ၏ စပါးကို စပါးကျီတွင် သိုထားသကဲ့သို့ ဖြောင့်မတ်သောသူသည် ကောင်းကင်နိုင်ငံတော်သို့ ချီးမြှောက်ခြင်းခံရမည်ဖြစ်ပြီး၊ အဖျင်းကဲ့သို့သောသူများကို မငြိမ်းနိုင်သောမီးဖြင့် ဘုရားသခင်မှ စီရင်မည်အကြောင်း ဖေါ်ပြသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

မငြိမ်းနိုင်သောမီး

အခြားသောဘာသာပြန်ဆိုချက် - "မငြိမ်းနိုင်သောမီး" (ရှု၊ rc://*/ta/man/translate/figs-activepassive)