my_tn/mat/03/07.md

6.2 KiB

ယေဘုယျအချက်အလက်

နှစ်ခြင်းဆရာယောဟန်မှ ဖာရိရှဲနှင့် ဇဒ္ဒုကဲများကို စတင်ရှုတ်ချသည်။

အချင်းမြွေဆိုးအမျိုးတို့

ခိုင်းနှိုင်းပြောဆိုသော စကားဖြစ်သည်။ "အမျိုး"ဟုပြောဆိုခြင်းသည် "ထိုလက္ခဏာရှိခြင်း"ကို ဆိုလိုသည်။ အဆိပ်ရှိသောမြွေများသည် အန္တရာယ်ရှိသကဲ့သို့ မကောင်းဆိုးဝါးကို ဆိုလိုခြင်းဖြစ်သည်။ ဤအရာကို သီးခြားဝါကျဖြင့် ဖေါ်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက် - "အဆိပ်ရှိသော မကောင်းဆိုးဝါး မြွေဆိုးများ" သို့မဟုတ် "သင်တို့သည် အဆိပ်ရှိသောမြွေဆိုးများကဲ့သို့ မကောင်းဆိုးဝါးများဖြစ်ကြသည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ရောက်လုသောသေဒဏ်မှ ပြေးသွားစိမ့်သောငှာ၊ အဘယ်သူသည် သင်တို့ကို သတိပေး ဘိသနည်း။

အပြစ်ပြုလုပ်ခြင်းကို ရပ်နားလိုခြင်းဆန္ဒတစ်စိုးတစ်စင်မျှမရှိဘဲ ဘုရားသခင်၏အပြစ်ပေးခြင်းမှ လွတ်မြောက်ရန်အလို့ငှာ ယောဟန်ထံသို့ နှစ်ခြင်းမင်္ဂလာခံယူခြင်းကို တောင်းခံကြသော ဖာရှိရှဲနှင့်ကျမ်းတတ်ပုဂ္ဂိုလ်များကို ရှုတ်ချပြစ်တင်သော ယောဟန်၏မေးခွန်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက် - "ဤနည်းဖြင့် သင်တို့သည် ဘုရားသခင်၏အမျက်တော်မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး" သို့ "သင်တို့ကို ငါနှစ်ခြင်းမင်္ဂလာပေးခြင်းသက်သက်အားဖြင့် လွတ်မြောက်ခြင်းရမည်ဟု မထင်ကြနှင့်"။ (ရှု၊ rc://*/ta/man/translate/figs-rquestion)

ရောက်လုသောသေဒဏ်မှ ပြေးသွားစိမ့်သောငှာ၊

"အမျက်ဒေါသ"ဟူသော စကားလုံးအသုံးပြုခြင်းသည် ဘုရားသခင်၏ အပြစ်ပေးခြင်းကို ရည်ညွှန်းသည်။ အဘယ်ကြောင့်ဆိုသော်၊ အမျက်ဒေါသနောက်တွင် အပြစ်ပေးခြင်းသည် တဆက်တည်းဖြစ်လာသည်။ အခြားသော ဘာသာပြန်ဆိုချက် - "ရောက်လုသော အပြစ်ပေးခြင်းမှ အဝေးသို့ ပြေးရှောင် ကြလော့" သို့မဟုတ် "ဘုရားသခင်သည် သင်တို့ကို အပြစ်ပေးလုပြီဖြစ်၍ လွတ်ရာသို့ ထွက်သွားကြပါ" (ရှု၊ rc://*/ta/man/translate/figs-metonymy)

နောင်တရခြင်းနှင့် ထိုက်တန်သောအကျင့်ကို ကျင့်ကြလော့

ဤနေရာတွင် "ထိုက်တန်သော အကျင့် ကျင့်ခြင်း"ဟု ခိုင်းနှိုင်းဖေါ်ပြခြင်းသည် လူတစ်ဦး၏ လုပ်ဆောင်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်အမှန်တကယ် နောင်တရခြင်းကို သင်၏ လုပ်ဆောင်ခြင်းအားဖြင့် ထင်ရှားပါစေ" (ရှု၊ rc://*/ta/man/translate/figs-metaphor)

အာဗြဟံသည် ငါတို့အဘဖြစ်သည်

"အာဗြဟံသည် ငါတို့ ဘိုးဘေးများဖြစ်သည်" သို့မဟုတ် "ကျွန်တော်တို့သည် အာဗြဟံမှ ဆင်းသက်သော အမျိုးများဖြစ်သည်"။ ယုဒခေါင်းဆောင်များမှ အာဗြဟံ၏အမျိုးအနွယ်ကို ဘုရားသခင်သည် အပြစ်ပေးလိမ့်မည် မဟုတ်ဟု ထင်မှတ်ကြသည်။ (ရှု၊ rc://*/ta/man/translate/figs-explicit)

ငါအမှန်ဆို၏

ဤဖြည့်စွက်ချက်သည် ယောဟန်ပြောလိုသော အရာကို အသားပေးကြောင်း ဖေါ်ပြချက်ဖြစ်သည်။

ဘုရားသခင်သည် ဤကျောက်ခဲတို့မှ အာဗြဟံတို့ကို ထုတ်ဖော်် ဖန်ဆင်းနိုင်တော်မူသည်။

"ဘုရားသခင်သည် ဤကျောက်ခဲများမှ မျက်မြင်ရသော မျိုးဆက်များကို ဖန်ဆင်းပြီး အာဗြဟံအား ပေးနိုင်စွမ်းရှိသည်"