my_tn/mat/03/04.md

2.8 KiB

တော၌ဖြစ်သောပျားရည် ... လျက်

အဓိက ဇာတ်အိမ်တစ်ခုကို ခေတ္တရပ်နားခြင်းတွင် "လျက်"ဟူသော စကားလုံးကို အသုံးပြုသည်။ ဤနေရာတွင် ရှင်မဿဲမှ နှစ်ခြင်းဆရာယောဟန်၏ နောက်ခံသမိုင်းကြောင်း အချက်အလက်ကို ပြောပြသည်။ (ရှု၊ rc://*/ta/man/translate/writing-background)

ကုလားအုပ်အမွေးနှင့်ရက်သော အဝတ်ကိုဝတ်လျက်၊ ခါး၌သားရေခါးပန်းကို စည်းလျက်

အထူးသဖြင့် ပရောဖက် ဧလိယကဲ့သို့သော ရှေးလွန်လေပြီးသော ပရောဖက်များနည်းတူ ယောဟန်သည် ပရောဖက်တစ်ဦးဖြစ်ကြောင်း ၎င်းအဝတ်အစားမှ လက္ခဏာပြသည် (ရှု၊ [[rc:///ta/man/translate/translate-symaction]] and [[rc:///ta/man/translate/figs-explicit]])

ထိုအခါ ယေရုရှလင်မြို့မှစ၍ ယုဒပြည်သူပြည်သား၊ ယော်ဒန်မြစ်နားမှာနေသောသူအပေါင်း

ဤအရာသည် ထိုအရပ်ဒေသများတွင် နေထိုင်သောသူများကို ညွှန်းသည်။ ဤနေရာတွင် "အားလုံး"ဟု ဆိုလိုခြင်းသည် "အများ"ကို ဆိုလိုသည်။ အဘယ်မျှလောက်သောသူသည် နှစ်ခြင်းဆရာယောဟန်ထံ သွားသနည်း ဆိုသည့်အရာကို ရှင်မဿဲမှ အထူးအလေးထားသည် (ရှု၊ [[rc:///ta/man/translate/figs-metonymy]] and [[rc:///ta/man/translate/figs-hyperbole]])

ဗတ္တိဇံကို ခံကြ၏

အခြားသောဘာသာပြန်ဆိုချက် - "ယောဟန်မှ သူတို့အား နှစ်ခြင်းမင်္ဂလာပေးသည်" (ရှု၊ rc://*/ta/man/translate/figs-activepassive)

သူတို့

၎င်းစကားလုံးသည် ယောဒန်မြစ် ပတ်ဝန်းကျင်ရှိ ယေရုရှလင်မြို့၊ ယုဒပြည်နှင့် အခြားသောအရပ်ဒေသများမှ လာသောသူများကို ရည်ညွှန်းသည်။