my_tn/luk/21/23.md

4.7 KiB

ပြုစုသောသူများဆီသို့

"သူတို့ ကလေးငယ်များကို ပြုစုကြသည့် မိခင်များဆီသို့"

နိုင်ငံအပေါ်သို့ ကြီးမားသည့်ဒုက္ခရောက်လာမည်

ဖြစ်နိုင်သည့် အဓိပ္ပါယ်များ (၁) ထိုနိုင်ငံလူတို့သည် ဒုက္ခရောက်ကြမည် သို့မဟုတ် (၂) ထိုနိုင်ငံ၌ ခန္ဓာပိုင်းဒုက္ခရောက်လာမည်"

ဤလူများအပေါ်သို့ အမျက်ဒေါသထွက်သည်

"ထိုအချိန်၌ ဤလူများထံသို့ အမျက် ရောက်လာမည်" ဘုရားသခင်၏ အမျက်တော်ရောက်လာမည်။ အခြားသောဘာသာ ပြန်ဆိုချက်၊ "ဘုရားသခင်၏ အမျက်တော်ကို ဤလူတို့ကတွေ့ကြုံကြမည်" သို့မဟုတ် "ဘုရားသခင်သည် အလွန်အမျက်ထွက်ဥ ဤလူတို့ကို ပြစ်ဒဏ်ပေးမည်" (ရှု၊ rc://*/ta/man/translate/figs-explicit)

သူတို့သည် ဓားဘေးဖြင့် ပျက်စီးကြမည်

"ဓားဖြင့် သတ်ခြင်းကို သူတို့က ခံကြမည်" အခြားသောဘာသာပြန်ဆိုချက်၊ "ရန်သူစစ်သားများက သူတို့ကို သတ်ကြမည်" (ရှု၊ rc://*/ta/man/translate/figs-metonymy)

လူမျိုးအားလုံး၏ အဖမ်းအဆီးကို သူတို့ခံကြမည်

ပြုသူဝါကျဖြင့်ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန် ဆိုချက်၊ "သူတို့၏ ရန်သူတို့က သူတို့ကို ဖမ်းပြီး အခြားတိုင်းပြည်များသို့ ခေါ်သွားကြမည်" (ရှု၊ rc://*/ta/man/translate/figs-activepassive)

လူမျိုးအားလုံးဆီသို့

"တိုင်းပြည် အများအပြားဆီသို့" (ရှု၊ rc://*/ta/man/translate/figs-hyperbole)

ယေရုရှလင်ကို တပါးအမျိုးသားတို့က နင်းခြေကြမည်

ဖြစ်နိုင်သည့်အဓိပ္ပါယ်များ (၁) တပါးအမျိုးသားတို့က ယေရုရှလင်ကို သိမ်းပိုက်ပြီး အုပ်စိုးကြမည်" သို့မဟုတ် (၂) တပါးအမျိုးသားတို့က ယေရုရှလင်ကို ဖျက်ဆီးကြမည်" သို့မဟုတ် (၃) တပါးအမျိုးသားတို့က ယေရုရှလင်မြို့သူသားများကို ဖျက်ဆီးကြမည်" (ရှု၊ rc://*/ta/man/translate/figs-activepassive)

တပါးအမျိုးသားတို့က နင်းခြေကြမည်

ယေရုရှလင်မြို့ကို တပါးအမျိုးသားတို့က သူ့အပေါ်လျှောက်သွားပြီး သူတို့ခြေနှင့် နင်းခြေကြမည့် အကြောင်းကို တင်စားချက်ဖြင့် ပြောခြင်းဖြစ်သည်။ အုပ်စိုးခြင်းကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တပါးအမျိုးသားတို့က အုပ်စိုးကြမည်" သို့မဟုတ် "တပါးလူမျိုးတို့က ဖျက်ဆီးကြမည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

တပါးအမျိုးသားတို့၏အချိန်ပြည့်စုံသည့်တိုင်အောင်

အခြားသောဘာသာပြန် ဆိုချက်၊ "တပါးအမျိုးသားတို့အဆုံးပိုင်းအချိန် ရောက်လာသည့် အချိန်တွင်" (ရှု၊ rc://*/ta/man/translate/figs-activepassive)