my_tn/luk/18/13.md

4.3 KiB

ဆက်စပ်မှုဖော်ပြချက်

ယေရှုက သူ့ပုံဥပမာပြောခြင်းကို အဆုံးသတ်သည်။ အပိုဒ် (၁၄) တွင် ပုံဥပမာ၏ ဆိုလိုရင်းကို သူကပြောပြသည်။

အဝေးမှရပ်လျက်

"ဖာရိရှဲရှိသည့် အဝေးမှရပ်လျက်" နှိမ့်ချခြင်း၏ လက္ခဏာဖြစ်သည်။ သူက ဖာရိရှဲ၏ အနားသို့ ချဉ်းကပ်ရန် မထိုက်တန်ဟု ခံစားသည်။

သူ့မျက်စိကိုကောင်းကင်သို့မော့ကြည့်သည်

"မျက်စိမော့ကြည့်" သည်မှာ တစ်ခုခုကြည့်ခြင်းကို ဆိုလို သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကောင်းကင်ကိုမော့ကြည့်သည်" သို့မဟုတ် "အထက်သို့ ကြည့်သည်" (ရှု၊ rc://*/ta/man/translate/figs-idiom)

သူ့ရင်ကိုခုတ်လျက်

အလွန်အမင်း ဝမ်းနည်းမှုကို ခန္ဓာကိုယ်အားဖြင့် ပြပြီး ထိုလူ၏ နောင်တနှင့် နှိမ့်ချခြင်းကို ပြသသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူ့ဝမ်းနည်းခြင်းကို ပြရန် မိမိရင်ဘတ်ကို ထုသည်" (ရှု၊ rc://*/ta/man/translate/translate-symaction)

ဘုရားသခင် ငါအပြစ်သားကို သနားပါ

"ဘုရား၊ ငါသည် အပြစ်သားဖြစ်သော်လည်း ငါ့ကိုခွင့်လွှတ်တော်မူပါ" သို့မဟုတ် "ဘုရား၊ ငါသည် အပြစ်ကြီးသော အပြစ်သားဖြစ်သည့်အတွက် ငါ့ကိုသနားတော်မူပါ"

ဤလူသည် သူ့အိမ်သို့ပြန်ဆန်းစစ်သည်

ဘုရားသခင်က သူ့အပြစ်ကို ခွင့်လွှတ်သည့်အတွက်သူသည် ဖြောင့်မတ်သည်။အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် အခွန်ခံကို ခွင့်လွှတ်သည်" (ရှု၊ rc://*/ta/man/translate/figs-explicit)

တခြားသူများထက်

"တခြားသောလူများထက်" သို့မဟုတ် "တခြားလူများမဟုတ်" အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် ဖာရိရှဲတို့ကို ခွင့်မလွှတ်" (ရှု၊ rc://*/ta/man/translate/figs-explicit)

သူကိုယ်တိုင်ကိုချီးမြှောက်သောသူတိုင်း

ဤစကားစုတွင် ယေရှုက အဓိကဇာတ်လမ်းမှ ယေဘုယျအခြေနေကို ခိုင်းနှိုင်းထားသည်။

နှိမ့်ချခြင်းခံရမည်

ပြုသူဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင် နှိမ့်ချမည်" (ရှု၊ rc://*/ta/man/translate/figs-activepassive)

ချီးမြှောက်ခြင်းခံရမည်

ပြုသူဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်က ကြီးစွာသော လေးစားခြင်းပေးမည်" (ရှု၊ rc://*/ta/man/translate/figs-activepassive)