my_tn/luk/12/49.md

3.6 KiB

ဆက်စပ်မှုဖော်ပြချက်

သူ့တပည့်တော်များကိုယေရှုက ဆက်ပြီးသင်ကြားပေးသည်။

မြေပေါ်၌မီးလောင်စေခြင်းငှာ ငါလာသည်

"မြေကြီးပေါ်သို့ မီးပစ်ချရန် ငါလာသည်" သို့မဟုတ် "မြေကြီးပေါ်မှာ မီးညှိရန် ငါလာသည်" ဖြစ်နိုင်သည့်အဓိပ္ပါယ်များ (၁) ယေရှုသည် လူတို့ကို စီရင်ရန်လာသည် သို့မဟုတ် (၂) ယုံ ကြည်သူများကို သန့်ရှင်းစေရန် ယေရှုလာသည် (သို့) (၃) လူတို့ကြားတွင် ကွဲပြားမှု ရှိစေရန် ယေရှုလာသည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ထိုမီးမညှိမှီတိုင်အောင် ငါ၏အလိုမပြည့်စုံ

ဤအရာဖြစ်ပျက်လာရန်မည်မျှလောက်လိုချင်သည်ကို အလေးနက်ပေးသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ညှိပြီးသား ဖြစ်ရန်ကို ငါအလွန်ဆန္ဒရှိသည်" သို့မဟုတ် "အစပြုပြီးဖြစ်ရန် ငါမည်မျှ လိုချင်သည်ကို" (ရှု၊ rc://*/ta/man/translate/figs-exclamations)

ဗတ္တိဇံကိုခံရန်ရှိသည်

"ဗတ္တိဇံ" သည် ယေရှုခံရမည့်အရာကို ဆိုလိုသည်။ ဗတ္တိဇံခံချိန်တွင် ရေကလူကိုဖုံးနေသကဲ့သို့ ဒုက္ခကယေရှုကို လွှမ်းမိုးနေသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကြောက်စရာကောင်းသည့် ဝေဒနာဖြစ်သည့် ဗတ္တိဇံမှတဆင့် ငါသွားရမည်" သို့မဟုတ် "လူတစ်ဦးသည် ဗတ္တိဇံခံသည့်အခါ ရေကလွှမ်းမိုးနေသကဲ့သို့ ငါသည် ဝေဒနာ ၏ လွှမ်းမိုးခြင်းကို ခံရမည်" (ရှု၊ [[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-activepassive]])

သို့သော်

"သို့သော်" သည် ဗတ္တိဇံသူမခံခင်အထိ သူသည်မြေကြီးပေါ်က မီးမောင်းမထုတ်နိုင်သည်ကို ပြရန်သုံးခြင်းဖြစ် သည်။

မပြည့်စုံမီတိုင်အောင် ငါသည်မခံနိုင်ဖြစ်သည်

သူမည်မျှလောက်မခံနိုင်သည်ကို အလေးနက်ပေးထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဗတ္တိဇံခံခြင်းကို ငါမပြီးမြောက်သည့်တိုင် ငါသည် ရက်စက်စွာ မခံနိုင်ဖြစ်သည်" (ရှု၊ rc://*/ta/man/translate/figs-exclamations)