my_tn/luk/12/08.md

4.5 KiB

သင့်ကိုငါပြောသည်

ဝန်ခံခြင်းနှင့် ပတ်သက်ပြီး ယေရှုက သူ့ပရိသတ်များအား ခေါင်းစဉ်အသစ်တစ်ခုကို ပြောနေသည်။

လူတို့ရှေ့တွင်ငါ့ကိုဝန်ခံသောသူတိုင်း

မည်သည့်အရာ ဝန်ခံရမည်ကို ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူသည် ငါ့တပည့်တော်ဖြစ် ကြောင်း တခြားသူများအားပြောသူတိုင်း" သို့မဟုတ် "သူသည် ငါ့ထံ၌ သစ္စာရှိကြောင်း တခြားသူများရှေ့တွင် အသိ အမှတ်ပြုခြင်းခံသောသူ " (ရှု၊ rc://*/ta/man/translate/figs-explicit)

လူသား

ယေရှုက သူ့ကိုယ်သူ ပြန်ရည်ညွှန်းခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ လူသား"

လူတို့ရှေ့တွင်ငါ့ကို ငြင်းဆိုသောသူ

"လူတို့ ရှေ့တွင် ငါ့ကိုစွန့်လွှတ်သော သူ" မည်သည့်အရာငြင်းပယ်မည်ကို ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန် ဆိုချက်၊ "သူသည် ငါ့တပည့်တော်ဖြစ်ကြောင်း တခြားသူများ၏အသိအမှတ်ပြုရန်ငြင်းဆိုသူတိုင်း" သို့မဟုတ် "သူသည် ငါ့ထံ၌ သစ္စာရှိကြောင်းပြောရန် ငြင်းဆိုသော သူသည်" (ရှု၊ rc://*/ta/man/translate/figs-explicit)

ငြင်းဆိုလိမ့်မည်

"စွန့်လွှတ်လိမ့်မည်" ပြုသူဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူသားက သူ့ကို ငြင်းဆိုလိမ့်မည်" သို့မဟုတ် "သူ့ကို ငါ့တပည့်တော်အဖြစ် ငါငြင်းဆို လိမ့်မည်" (ရှု၊ rc://*/ta/man/translate/figs-activepassive)

လူသားကိုဆန့်ကျင်သည့်စကား ပြောသူတိုင်း

"လူသားအကြောင်းကို အပြစ်တစ်ခုခုပြောသူတိုင်း"

၎င်းက သူ့ကိုခွင့်လွှတ်မည်

"သူသည် ခွင့်လွှတ်ခြင်းခံရမည်" ပြုသူဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "၎င်းအတွက်ကြောင့် ဘုရားသခင်က သူ့ကို ခွင့်လွှတ်မည်" (ရှု၊ rc://*/ta/man/translate/figs-activepassive)

သန့်ရှင်းသောဝိညာဉ်တော်ကိုစော်ကားသည်

"သန့်ရှင်းသောဝိညာဉ်တော်ကို အပြစ်ပြောသည်"

၎င်းကိုခွင့်လွှတ်မည်မဟုတ်

ပြုသူကြိယာဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူ့ကိုဘုရားသခင်က ခွင့်လွှတ်မည်မဟုတ်" တစ်ယောက်ယောက်က တစ်ယောက်ယောက်ကို ခွင့်မလွှတ်လျှင်၊ သူက သူ့ကို အပြစ်ရှိသည်ဟုထင် သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်က သူ့ကို ထာဝရအပြစ်ရှိသူဟု သတ်မှတ်မည်" (ရှု၊ [[rc:///ta/man/translate/figs-activepassive]] and [[rc:///ta/man/translate/figs-litotes]])