my_tn/luk/10/25.md

3.8 KiB

ဆက်စပ်မှုဖော်ပြချက်

ယေရှုကို စမ်းသပ်ချင်သည့် ယုဒဆရာများကို ပုံပြင်ဖြင့် ယေရှုက ပြန်တုံ့ပြန်ခြင်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-parables)

ထိုဆရာကို ကြည့်ကြပါ

ဇာတ်လမ်း၌ ဇာတ်ဝင်အသစ် ဝင်လာသည့်အချက်ပြစာလုံးဖြစ်သည်။ (ရှု၊ [[rc:///ta/man/translate/writing-newevent]] and [[rc:///ta/man/translate/writing-participants]])

သူ့ကိုစမ်းစပ်ပါ

"ယေရှုကို စိန်ခေါ်သည်"

ပညတ်တော်၌ အဘယ်သို့လာသနည်း။ သင်မည်ကဲ့သို့ဖတ်သနည်း

ယေရှုက အချက်အလက်ကို ရှာဖွေနေသည်မဟုတ်ပါ။ ဤမေးခွန်းများကိုသုံးပြီး ယုဒဆရာများ၏ ပညာကို စမ်းသပ်ရန်သာဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ပညတ်တော်၌ မောရှေက မည်သို့ရေးခဲ့သည်ကို ငါ့အား ပြောကြပါ" (ရှု၊ rc://*/ta/man/translate/figs-rquestion)

ပညတ်တော်၌ အဘယ်သို့လာသနည်း

ပြုသူဝါကျဖြင့် ပြန်မေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မောရှေက ပညတ်တော်၌ မည်သို့ရေးခဲ့သနည်း" (ရှု၊ rc://*/ta/man/translate/figs-activepassive)

သင်မည်ကဲ့သို့ဖတ်သနည်း

"သင် မည်ကဲ့သို့ ၎င်းကို ဖတ်ခဲ့သနည်း" သို့မဟုတ် "သင် မည်ကဲ့သို့ ၎င်းကို နားလည်ထားသနည်း"

သင်ချစ်မည်...အိမ်နီးချင်းကို သင်ကိုယ်တိုင်ကဲ့သို့

ပညတ်တော်၌ မောရှေရေးခဲ့သည့် အရာကို ပြန်ကိုးကားခြင်းဖြစ်သည်။

သင့်နှလုံး...သင့်ဝိညာဉ်..သင့်ခွန်အား..သင်စိတ်

ဤအရာအားလုံးက ထိုလူ၏ ဖြစ်ခြင်းအားလုံးနှင့် ဘုရားကိုချစ်ရန်ကို ဆိုလိုသည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)

သင့်အိမ်နီးနားချင်းများကို သင်ကိုယ်တိုင်ကဲ့သို့

ဤဥပစာကို ပိုရှင်းအောင် ပြန်ရေးသင့်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင့်ကိုယ်သင် ချစ်သကဲ့သို့ သင့် အိမ်နီးချင်းကို ချစ်ပါ" (ရှု၊ rc://*/ta/man/translate/figs-simile)

သင့်အိမ်နီးနားချင်း

ပုဂ္ဂိုလ်တစ်ဦး၏ အသိုင်းအဝိုင်းကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင့် နိုင်ငံသားဖော်" သို့မဟုတ် "သင့် အသိုင်းအဝိုင်းမှ လူများ"