my_tn/luk/08/28.md

2.9 KiB

ယေရှုကို သူမြင်သည့်အခါ

"နတ်ဆိုးစွဲသည့် လူက ယေရှုကို မြင်သည့်အခါ"

သူအော်သည်

"စူးရှစွာ သူအော်သည်"

သူ့ရှေ့တွင် ပြပ်ဝပ်သည်

"ယေရှု၏ ရှေ့တွင် လဲလျောင်းသည်" ခလုတ်တိုက်၍ လဲလျောင်းခြင်း မဟုတ်ပါ။ (ရှု၊ rc://*/ta/man/translate/translate-symaction)

ကျယ်လောင်သောအသံဖြင့် သူကပြောသည်

"ကျယ်လောင်စွာ သူပြောသည်" သို့မဟုတ် "သူအော်သည်"

ငါနှင့်သင်ဘာလုပ်ချင်သနည်း

"ဘာ့ကြောင့် ငါ့ကို နှောင့်ယှက်ချင်သနည်း" ကို ဆိုလိုသည့် အသုံးအနှုန်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-idiom)

အမြင့်ဆုံးသောဘုရား၏သားတော်

ယေရှု၏ အရေးကြီးဆုံးသော နာမဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/guidelines-sonofgodprinciples)

သူ့ကိုအကြိမ်များစွာဖမ်းသည်

"ထိုလူကို အကြိမ်များစွာ ထိန်းချုပ်သည်" သို့မဟုတ် "သူ့အထဲ၌ အကြိမ်များစွာ ဝင်သွားသည်" ထိုလူက ယေရှုကိုမတွေ့ခင်မှာ နတ်ဆိုးက ထိုလူကို အကြိမ်ပေါင်းမနည်း လုပ်သည်ကို ပြောပြသည်။

ခြေချင်းသံကြိုးနှင့် အကျဉ်းချထားသော်လည်း

ပြုသူဝါကျဖြင့်ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူတို့က သူ့ကို သံကြိုးများဖြင့် ခြေ ထောက်၌ ချည်ထားပြီး အစောင့်များ ချထားကြသော်လည်း" (ရှု၊ rc://*/ta/man/translate/figs-activepassive)

နတ်ဆိုးအားဖြင့် နှင်ထုတ်သည်

ပြုသူဝါကျဖြင့်ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "နတ်ဆိုးက သူ့ကို သွားစေသည်" (UDB) (ရှု၊ rc://*/ta/man/translate/figs-activepassive)