my_tn/luk/07/31.md

2.3 KiB

ဆက်စပ်မှုဖော်ပြချက်

ဗတ္တိဇံယောဟန်အကြောင်းကို လူတို့အား ယေရှု ဆက်ပြောပြနေသည်။

သူတို့ဘာနှင့်တူသည်ကို...ငါငှိုင်းယှဉ်သည်

နှိုင်းယှဉ်ချက် နိဒါန်းအဖြစ် ယေရှုက ဤမေးခွန်းကို သုံးထားသည်။ အဆိုဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဤမျိုးဆက်လူများသည် မည်သည့်အရာနှင့် တူသည်ကို ငါနှိုင်းယှဉ်သည်" (ရှု၊ rc://*/ta/man/translate/figs-rquestion)

သူတို့ဘာနှင့်ဆင်တူကြသည်ကို .....ငါနှိုင်းယှဉ်သည်

နှိုင်းယှဉ်နည်း နှစ်နည်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-parallelism)

ဤမျိုးဆက်လူများ

ယေရှုပြောနေစဉ် ရှိကြသည့် လူများ

သူတို့သည် တူသည်

ယေရှု၏ နှိုင်းယှဉ်ချက် အစဖြစ်သည်။ တခြားကလေးများ၏ အပြုအမူနှင့် စိတ်ကျေနပ်မှု မရှိနိုင်သည့် ကလေးများနှင့် လူတို့သည် တူနေကြကြောင်းကို ယေရှုက ပြောနေသည်။ (ရှု၊ rc://*/ta/man/translate/figs-simile)

ဈေးနေရာ

လူတို့က သူတို့ကုန်ပစ္စည်းကို လာပြီးရောင်းချနိုင်သည့် ကျယ်ပြန့်သော ဈေးနေရာ

သင်မကခဲ့ပါ

"ဂီတနှင့်အတူ သင် မကခဲ့ပါ"

သင်မငိုခဲ့

"ငါတို့နှင့်အတူ သင် မငိုကြွေးခဲ့ပါ"