my_tn/luk/06/31.md

2.3 KiB

သင်တို့သည် ကိုယ်၌သူတပါးပြုစေလိုသည့်အတိုင်း၊ သင်တို့လည်းထိုနည်းတူပြုသင့်သည်

တချို့သောဘာသာစကားများ၌ ကြိယာအစဉ်ကို ရှေ့ နောက် ပြန်လှဲရန် လိုအပ်နိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင့်အပေါ်၌ သူတို့အားလုပ်စေချင်သည့်အတိုင်း သူတို့အပေါ်၌လည်း ထိုနည်းတူ သင်ပြုလုပ်သင့်သည်" သို့မဟုတ် "သင့်ကို လူများအား ဆက်ဆံစေချင်ကြသည့် နည်းအတိုင်း လူများကိုလည်း ဆက်ဆံပါ"

သင်တို့အပေါ်အဘယ်ကျေးဇူးရှိသနည်း

"မည်သည့်ဆုကျေးဇူးကို သင်တို့ရရှိကြမည်နည်း" သို့မ ဟုတ် "ထိုအရာလုပ်သည့်အတွက် မည်သည့်ချီးမွှမ်းခြင်းမျိုးကို သင်တို့ရရှိကြမည်နည်း" ဤဝါကျကို ရိုးရိုးဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထိုအရာအတွက် မည်သည့်ဆုမှရရှိကြမည်မဟုတ်" သို့မဟုတ် "ထိုအရာအတွက် ဘုရားသခင်က သင်တို့ကို ဆုချမည်မဟုတ်" (ရှု၊ rc://*/ta/man/translate/figs-rquestion)

ထိုအတိုင်းဖြင့် ပြန်ရမည်

မောရှေ၏ပညတ်တော်၌ ယုဒလူများကို အချင်းချင်းချေးငှားသည့် ငွေအတိုးများကို လက်မခံကြရန် တိုက်တွန်းထားသည်။ (ရှု၊ rc://*/ta/man/translate/figs-explicit)