my_tn/luk/06/20.md

2.4 KiB

မင်္ဂလာရှိသောသင်တို့

ဤစကားစုကို သုံးကြိမ်ပြောထားသည်။ တစ်ကြိမ်ပြောတိုင်း ဘုရားသခင်သည် လူတစ်စုကိုဦးစားပေးမှု၊ သူတို့လုပ်ဆောင်မှုသည် ကောင်းသည်ကို ရည်ညွှန်းသည်။

ဆင်းရဲသောသူတို့သည် မင်္ဂလာရှိကြ၏

"ဘုရားသခင်၏ ဦးစားပေးမှုကို ရရှိကြသော သင်တို့ဆင်းရဲသားတို့" သို့မဟုတ် "အကျိုးအမြတ် အနည်းငယ်ရသည့် သင်တို့"

ဘုရားသခင်၏နိုင်ငံတော်သည် သင့်နိုင်ငံဖြစ်သည့်အတွက်

နိုင်ငံတော်ကိုရည်ညွှန်းသည့် စကားလုံးမရှိသည့် ဘာသာစကားတွင် "ဘုရားသခင်သည် သင်၏ ရှင်ဘုရင်" သို့မဟုတ် "ဘုရားသခင်သည် သင့်ကို အုပ်ချုပ်သူဖြစ်သောကြောင့်" ဟု သုံးနိုင်သည်။

ဘုရားသခင်၏နိုင်ငံတော်သည် သင့်နိုင်ငံဖြစ်သည်

"ဘုရားသခင်၏ နိုင်ငံတော်သည် သင်နှင့် သက်ဆိုင်သည်" ဤအချက်က (၁) သင်သည် ဘုရားသခင်၏ နိုင်ငံတော်နှင့်သက်ဆိုင်သည်" သို့မဟုတ် (၂)"ဘုရားသခင်၏ နိုင်ငံ တော်၌ သင် အာဏာရှိလိမ့်မည်" ဟု ဆိုလိုခြင်းဖြစ်နိုင်သည်။

သင်တို့ရယ်ကြလတံ့

"သင်တို့ ဝမ်းမြောက်ခြင်းနှင့်အတူ ရယ်ကြလိမ့်မည်" သို့မဟုတ် "သင်တို့ ဝမ်းမြောက်ခြင်းနှင့် ပြည့်ကြလိမ့်မည်"