my_tn/luk/06/01.md

3.9 KiB

ဆက်စပ်မှုဖော်ပြချက်

ဘုရားသခင်၏ ပညတ်တော်က ဥပုသ်နေ့၌ လုပ်ရန်တားမြစ်ထားသည့်အရာကို ယေရှုနှင့် သူ့တပည့်တော်များက လုပ်ကြသည့်အတွက် ဖာရိရှဲတို့က သူတို့ကိုမေးခွန်းမေးစဉ်တွင် စပါးလယ်ကွင်း၌ လမ်းလျှောက်နေကြသည်။

ယေဘုယျအချက်အလက်

"သင်တို့" သည် တပည့်တော်များကို ရည်ညွှန်းသည့် အများကိန်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-you)

ဖြစ်ပျက်သည်

ဇာတ်လမ်း၏ နိဒါန်းကို အစပြုသည့် အချက်ပြ စာလုံးဖြစ်သည်။ သင့်ဘာသာစကားတွင် ထိုသို့ သုံးနိုင်သည့် စာလုံးရှိနိုင်သည်။ (ရှု၊ rc://*/ta/man/translate/writing-newevent)

လယ်စပါး

လူတို့က မျိုးစေ့ကြဲရန် ပိုကျယ်ပြန့်သည့် မြေနေရာများဖြစ်သည်။

စပါးခွံ

စပါးပင်၏ ထိပ်ဆုံးက အပိုင်းဖြစ်သည်။ ထိုအရာက ရင့်ကျင့်စေပြီး စားနိုင်သည့်အစေ့သို့ ဖြစ်စေသည်။

သူတို့လက်များဖြင့် ပွတ်တိုက်သည်

အစေ့နှင့်အခွံကို သီးခြားစီဖြစ်စေချင်ကြသည့်အတွက် ထိုသို့ လုပ်ကြခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "စပါးအစေ့ကို အခွံမှ ခွဲချင်ကြသည့်အတွက် သူတို့လက်များဖြင့် ထိုသို့ ပွတ်တိုက်ကြခြင်းဖြစ်သည်။ (UDB) (ရှု၊ rc://*/ta/man/translate/figs-explicit)

ဥပုတ်နေ့၌အလုပ်လုပ်ရန်တရားမဝင်သည့်အရာကို အဘယ်ကြောင့်သင်လုပ်သနည်း

တပည့်တော်များက ပညတ်တော်ကို ချိုးဖောက်ကြသည်ဟု စွပ်စွဲသည့် မေးခွန်းဖြစ်သည်။ ဤမေးခွန်းကို အဆိုဖြင့် ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဥပုတ်နေ့၌ စပါးနှံတစ်ခုခူးခြင်းသည် ဘုရားသခင်၏ ပညတ်တော်နှင့် ဆန့်ကျင်သည်" (ရှု၊ rc://*/ta/man/translate/figs-rquestion)

တစ်ခုခုလုပ်သည်

ဂျုံလက်တစ်ဆုတ်စာ ပွတ်တိုက်ခြင်းကဲ့သို့ သေးငယ်သည့် အပြုအမူသည် ပညတ်တော်နှင့် ဆန့်ကျင်သည်ဟု ဖာရိရှဲတို့က ထင်ကြသည်။ ထိုအရာကို ရှင်းလင်းစွာရေးသားနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အလုပ်လုပ်ခြင်း" (UDB) (ရှု၊ rc://*/ta/man/translate/figs-explicit)