my_tn/luk/05/29.md

4.2 KiB

ဆက်စပ်မှုဖော်ပြချက်

ထမင်းစားပွဲ၌ ယေရှုက ဖာရိရှဲများနှင့်ကျမ်းပြုဆရာများကို စကားပြောသည်။

သူ့အိမ်၌

"လေဝိ၏အိမ်၌"

စားပွဲ၌လဲလျောင်းလျက်

ကွပ်ပစ်ပေါ်၌ လဲလျောင်းလျက် သို့မဟုတ် ဒေါက်တိုင်ကိုနောက်မှီလျက် ခေါင်းအုံးပေါ်၌ ဘယ်လက်တင်လျက်စားသောက်ခြင်းသည် ဂရိလူမျိုးတို့၏ ပွဲလမ်းသဘင်၌ စားသောက်သည့်ပုံစံ ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အတူတူစားသောက်သည်" သို့မဟုတ် "စားပွဲ၌ စားသည်" (ရှု၊ rc://*/ta/man/translate/figs-explicit)

သူ့တပည့်တော်များဆီသို့

"ယေရှု၏ တပည့်တော်များဆီသို့"

အပြစ်သားများနှင့်အတူဘာ့ကြောင့်သင်စားသေသနည်း။

ယေရှု၏ တပည့်တော်များက အပြစ်သားများနှင့်အတူစားသောက်ကြသည်ကို လက်မခံကြသည့်အတွက် ဖာရိရှဲများနှင့် ကျမ်းပြုဆရာများက မေးသည့်မေးခွန်းဖြစ်သည်။ အခြား သောဘာသာပြန်ဆိုချက်၊ "အပြစ်သားများနှင့်အတူ သင်တို့ မစားသောက်သင့်ပေ" (ရှု၊ rc://*/ta/man/translate/figs-rquestion)

အပြစ်သားများနှင့်အတူ သင်စားသောက်သည်

အပြစ်သားများဟုသတ်မှတ်ထားသည့်လူများမှ ဘာသာရေးခေါင်းဆောင်များသည် သီးသန့်နေသင့်သည်ဟု ဖာရိရှဲနှင့်ကျမ်းပြုဆရာများက ယုံကြည်ကြသည်။ "သင်တို့" သည် အများကိန်း ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-explicit)

ကျန်းမာသောသူများ...ဖျားနာသောသူများ

ယေရှုက စကားပုံဖြင့် အလေးနက်ပေးထားသည်။ (ရှု၊ rc://*/ta/man/translate/writing-proverbs)

ဆေးသမား

"ဆေးဆရာဝန်" သို့မဟုတ် "ဒေါက်တာ"

မကျန်းမာသောသူများသာလျှင်

"ဆေးသမားအလိုရှိ" သည် ရှေ့အပိုဒ်အရ နားလည်ထားရသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တစ်ယောက် ယောက်ကို အလိုရှိသည့် ဖျားနာသောသူများ" (ရှု၊ rc://*/ta/man/translate/figs-ellipsis)

ဖြောင့်မတ်သောလူများ

သူတို့သည် ဖြောင့်မတ်သောသူများဟု လူတချို့ကထင်ကြသည်။ သူတို့ကိုသူတို့ ထင်သည့်နည်းအတိုင်း ယေရှုက သူတို့သည် မဖြောင့်မတ်သူများအဖြစ်သိသော်လည်း သူတို့ကိုပြောသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့ကိုသူတို့ဖြောင့်မတ်သူများအဖြစ် ထင်နေသည့်လူများ" (ရှု၊ rc://*/ta/man/translate/figs-irony)