my_tn/luk/05/22.md

3.8 KiB

သူတို့စဉ်းစားသည့်အရာကို သတိထားမိသည်

သူတို့ တိတ်တစ်ဆိတ် စဉ်းစားနေကြသည့်အရာကို ယေရှုက ကြားသည်ထက် သတိထားမိသည်ကို ဆိုလိုသည်။

သင့်စိတ်ထဲ၌ အဘယ့်ကြောင့် ထင်မှတ်ကြသနည်း။

ပြုသူဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဤအရာကို သင့်စိတ်ထဲ၌ သင်မငြင်းခုံသင့်ပေ" သို့မဟုတ် "ငါသည် အပြစ်များ ခွင့်လွှတ်နိုင်သည့်အာဏာရှိသည်ကို သင်သံသယမရှိသင့်ပေ" (ရှု၊ rc://*/ta/man/translate/figs-rquestion)

သင့်စိတ်ထဲ၌

သူတို့ တိတ်တခိုး စဉ်းစားကြသည်ကို ဆိုလိုသည်။ (ရှု၊ rc://*/ta/man/translate/figs-idiom)

အဘယ်စကားကို သာ၍ပြောလွယ်သနည်း...လမ်းလျှောက်ပါ

ယေရှုက သူလုပ်မည့် အနာငြိမ်းခြင်း နိမိတ်လက္ခဏာနှင့် ခွင့်လွှတ်နိုင်သည့် တန်ခိုးရှိသည်ကို ပြသည့်မေးခွန်းဖြစ် သည်။ ပြုသူဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "'သင့်အပြစ်များ ခွင့်လွှတ်ခြင်းရသည်' သည် ပြောရန်လွယ်သည်၊ သို့သော် ဘုရားသခင်တည်းကသာလျှင် ဤခြေလက်သေနေသူကို ထစေပြီးလမ်းလျှောက်စေနိုင်သည်" (ရှု၊ rc://*/ta/man/translate/figs-rquestion)

ပြောရန်ပိုလွယ်သည်

မြှပ်ထားသည့်အရာတစ်ခုက "မည်သူကမျှ မသိသည့် အတွက် ပြောရန်လွယ်ကူသည်" သို့သော် အခြားတစ်ခုက "လူတိုင်းကသိကြသည့်အတွက် ပြောရန်ပိုခက်ခဲသည်" လူ၏အပြစ်များကို လွှတ်မည်ဆိုလျှင် လူတို့က မြင်နိုင်မည်မဟုတ်" သို့သော် သူထပြီး လမ်းလျှောက်လာလျှင် သူတို့အားလုံး သိမည်" (ရှု၊ rc://*/ta/man/translate/figs-ellipsis)

သင်သိနိုင်သည်

ယေရှုက ကျမ်းပြုဆရာများနှင့်ဖာရိရှဲများကိုစကား ပြော သည်။ "သင်တို့" သည် အများကိန်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-you)

လူသား

ယေရှုက သူ့ကိုယ်သူ ပြန်ရည်ညွှန်းခြင်းဖြစ်သည်။

သင့်ကိုငါပြောသည်

ခြေလက်သေနေသောသူကို ယေရှုပြောသည့်စကားဖြစ်သည်။ "သင်" သည် အနည်းကိန်းဖြစ်သည်။