my_tn/luk/05/20.md

4.6 KiB

သူတို့၏ယုံကြည်ခြင်းကိုတွေ့ပြီး ယေရှုက ပြောသည်

ယေရှုက ခြေလက်သေနေသူကို အနာငြိမ်းခြင်းပေးနိုင်ကြောင်းကို သူတို့ယုံကြည်ကြသည့်အရာကို နားလည်ထားနိုင်သည်။ ဤအကြောင်းအရာကို ရှင်းလင်းစွာရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထိုလူကိုယေရှု ကုသနိုင်ကြောင်း သူတို့ ယုံကြည်ကြသည်ကို ယေရှုက သတိပြုမိသည့်အခါ၊ သူ့ကိုပြောသည်" (ရှု၊ rc://*/ta/man/translate/figs-ellipsis)

လူ

သူ၏ နာမည်ကို သူတို့မသိသည့်လူကို ပြောသည့်အခါ ဤယေဘုယျစာလုံးကို သုံးကြသည်။ ရိုင်းပြသည့်အသုံးနှုန်းလည်းမဟုတ်သလို လေးစားမှုကိုပြသည့်အရာလည်း မဟုတ်ပါ။ တချို့ဘာသာစကားများတွင် "သူငယ်ချင်း" သို့မဟုတ် "ဆရာ" ဟု သုံးနှုန်းနိုင်သည်။

သင့်အပြစ်များသည် ခွင့်လွှတ်ခြင်းခံရသည်

ပြုသူဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်သည် ခွင့်လွှတ်ခြင်းရသည်" သို့မဟုတ် "သင့်အပြစ်များကို ငါ ခွင့်လွှတ်သည်"(UDB) (ရှု၊ rc://*/ta/man/translate/figs-activepassive)

ဤမေးခွန်း

"ဤဟာကို ဆွေးနွေးသည်" သို့မဟုတ် "ဤအရာ၏ အကျိုးအကြောင်းကို ပြောသည်" သူတို့ မေးသည့်အရာကို ရှင်းလင်းစွာ ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယေရှုက အပြစ်များ ခွင့်လွှတ်နိုင်သည့် အာဏာ ရှိ၊ မရှိကို ဆွေးနွေးသည်" (ရှု၊ rc://*/ta/man/translate/figs-ellipsis)

ဘုရားကိုလွန်ကျူး၍ ပြောသောဤသူကား အဘယ်သူနည်း။

ယေရှုပြောသည့်မေးခွန်းကြောင့် သူတို့ မည်မျှတုန်လှုပ်ပြီး စိတ်ဆိုးကြသည်ကို ပြသည်။ ဤမေးခွန်းကို အဆိုဖြင့် ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဤလူက ဘုရားကို စော်ကားသည်" သို့မဟုတ် "ထိုသို့ပြောခြင်းဖြင့် သူက ဘုရားကို စော်ကားသည်" (ရှု၊ rc://*/ta/man/translate/figs-rquestion)

ဘုရားသခင်မှတပါး မည်သူက အပြစ်များကိုလွှတ်နိုင်သနည်း။

လူတစ်ယောက်က အပြစ်များကို ခွင့်လွှတ်ရန် ပြောဆိုပါက သူသည် ဘုရားသခင်ကို ဆိုလိုခြင်းဖြစ်သည်။ ရှင်းလင်း စွာရေးသားနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်မှတပါး မည်သူမျှ အပြစ်များကို ခွင့်လွှတ်နိုင်မည် မဟုတ်" သို့မဟုတ် "ဘုရားသခင်တပါးတည်းကသာလျှင် အပြစ်များကို ခွင့်လွှတ်နိုင်သည်။ (ရှု၊ [[rc:///ta/man/translate/figs-rquestion]] and [[rc:///ta/man/translate/figs-explicit]])