my_tn/luk/05/18.md

2.7 KiB

လူတစ်ချို့လာကြသည်

ဤလူတို့သည် ဇာတ်လမ်းတွင် လူသစ်များဖြစ်ကြသည်။ ဤလူတို့သည် လူသစ်များဖြစ်ကြောင်းကို ပြသည့် စကားလုံး သင့်စကားတွင် ရှိနိုင်သည်။ (ရှု၊ rc://*/ta/man/translate/writing-participants)

အိပ်ယာလိပ်

"ကုတင်" သို့မဟုတ် "အိပ်ယာလိပ်"

ခြေလက်သေနေသူ

"သူကိုယ်သူ မရွေ့လျားနိုင်သူ"

လူအုပ်ကြီးကြောင့် သူ့ကိုခေါ်သွားရန်လမ်းမရှိသောကြောင့်

တချို့သောဘာသာစကားများတွင် ကြိယာအစဉ်ကို ပြန်စဉ်နိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူအုပ်ကြီးကြောင့် လူကိုအထဲသို့ ခေါ်သွားနိုင်သည့် လမ်း သူတို့မတွေ့ကြသည့်အတွက် ဖြစ်သည်"

လူအုပ်များကြောင့်

သူတို့ အိမ်ထဲသို့ မဝင်နိုင်ကြသည့်အကြောင်းရင်းမှာ လူအုပ်သည် အလွန်ကြီးလျက် သူတို့အတွက် အခန်းမရှိသည့် အတွက်ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-ellipsis)

အိမ်မိုးပေါ်သို့ သူတို့တက်သွားကြသည်

အိမ်များတွင် ပြားပြီးကျယ်ပြန့်သော ခေါင်မိုးများရှိသည်။ တချို့အိမ်များတွင် ခေါင်မိုးပေါ်သို့ အလွယ်တကူတက်နိုင်ရန် လှေခါးများရှိသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့က ကျယ်ပြန့်သော အိမ်ခေါင်မိုးပေါ်သို့ တက်သွားကြသည်" (ရှု၊ rc://*/ta/man/translate/figs-explicit)

ယေရှုရှေ့သို့ တိုက်ရိုက်

"ယေရှုရှေ့သို့ တိုက်ရိုက်" သို့မဟုတ် "ယေရှုရှေ့သို့ ရုတ်တရက်"